ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်)
“ငှက်များအား ထိန်းသိမ်းကာကွယ်ရေး အင်းဆက်များအား ကြိုတင်ကာကွယ်ပေး” ကမ္ဘာပေါ်တွင် သားငှက်တိရစ္ဆာန်များစွာရှိသည့်အနက် ငှက်များသည် ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားထိန်းချုပ်ခြင်းတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ငှက်များအနက် ဆောင်းခိုငှက်များသည် ၎င်းတို့အစာစားရန်၊ သားပေါက်ရန်နှင့် ယင်းသားပေါက်များကို ပြုစုစောင့်ရှောက်ရန်တို့အတွက် အကောင်းမွန်ဆုံးဂေဟစနစ်ရှိရာ ကျက်စားဒေသများသို့ ကီလိုမီတာ ရာပေါင်း၊ ထောင်ပေါင်းများစွာ ပျံသန်းပြောင်းရွှေ့လေ့ရှိကြပြီး ငှက်သားပေါက်သည့်နေရာရှိ ဂေဟစနစ်များသည် ၎င်းတို့အတွက် သင့်တော်ကောင်းမွန်မှု မရှိတော့သည့်အခါများတွင် ပိုမိုကောင်းမွန်သည့် ဒေသများသို့ ထပ်မံပျံသန်း ပြောင်းရွှေ့ကြသည့် ငှက်များဖြစ်သည်။ ယင်းသို့ ပျံသန်းကြရာတွင် ကမ္ဘာ့မြောက်ပိုင်းရှိ သားပေါက်သည့် နေရာများမှ တောင်ပိုင်းဒေသများရှိ ဆောင်းခိုသည့် ဒေသများသို့ ပြောင်းရွှေ့ပျံသန်းခြင်း၊ အာဖရိကတောင်ပိုင်းဒေသများတွင် သားပေါက်ပြီး မြောက်ပိုင်းရှိ ဆောင်းခိုသည့်ဒေသများ သို့မဟုတ် ကမ်းရိုးတန်းရာသီဥတုရှိသည့် ဒေသများသို့ ရွှေ့ပြောင်းခြင်း၊ ဆောင်းရာသီတွင် မြေနိမ့် လွင်ပြင်များ၌ ကျက်စားပြီး […]
ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်) Read More »
