ဒုတိယဝန်ကြီး ခွန်စောဖူး၏ ကိုယ်ရေးအကျဉ်း

ဒုတိယဝန်ကြီး ခွန်စောဖူး

ဒုတိယဝန်ကြီးခွန်စောဖူးသည် ကယန်းလူမျိုးတစ်ဦးဖြစ်ပြီး ၁၉၈၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် မွေးဖွားသည်။ ၂၀၀၆ ခုနှစ်တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံအတွင်း လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာနှင့် ငြိမ်ချမ်းရေး တည်ဆောက်မှုလုပ်ငန်းများတွင် ဗုဒ္ဓဘာသာလူငယ်များ တက်ကြွစွာပါဝင်မှုမြှင့်တင်ရန် ဖော်ထုတ်ထား သည့် ဗုဒ္ဓဘာသာ လူငယ်စွမ်းပကား မြှင့်တင်ရေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဒုတိယဝန်ကြီး သည် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ၁ နှစ်ခန့်သွားရောက်နေထိုင်ပြီး နိုင်ငံသားပညာပေးမှု ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ခွန်စောဖူးသည် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ အတွင်း ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှစတင်၍ ထိုကော်မတီ၏ ဒုတိယဥက္ကဌတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဒုတိယဝန်ကြီးသည် ဒေသရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်သော အထွေထွေဆန္ဒပြမှုများတွင် ဦးဆောင်သူတစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ ၂၀၂၁ မေလ ၂၃ ရက်နေ့တွင် ခွန်စောဖူးသည် ရှေ့တန်းတွင် ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ရေး ဝန်ဆောင်မှုပေးသည့် Mobye Rescue Team အဖွဲ့ကိုတည်ထောင်ခဲ့ပြီး စစ်အာဏာရှင် တော်လှန်ရေးကို ရှေ့တန်းမှ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ- ၉ ဩဂုတ်လ ၂၀၂၃