ပညာပေးစာစုများ

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၂)

ရှော့တိုက်ငါးဖမ်းခြင်း အကျိုးဆက်များ၊ ဧရာဝတီလင်းပိုင်အခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းအကြောင်း၊ ဧရာဝတီလင်းပိုင်လေးများနှင့် ငါးသယံဇာတများကို ထိန်းသိမ်းကာကွယ်ခြင်းသည် အကျိုးဆက်စပ်ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ရေရှည်တည်တံ့ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၂) Read More »

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၁)

ဧရာဝတီလင်းပိုင်လေးများသည် ရေလုပ်သားတို့၏ မိတ်ကောင်းဆွေကောင်းများအဖြစ် ကျော် ကြားကြပြီး ၎င်း၏ ထူးခြားသည့် အမူအကျင့်များအကြောင်း၊ ဧရာဝတီလင်းပိုင်လေးများ၏ နေထိုင်ကျက်စားရာ နေရာဒေသများနှင့် ဧရာဝတီလင်းပိုင်းလေးများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းကာကွယ်ရန် အရေးကြီး ကြောင်း သရုပ်ဖော်တင်ပြချက်များ။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

ချစ်စရာ့ ဧရာဝတီလင်းပိုင်လေးများ တည်မြဲဖို့ အများပါဝင် ထိန်းသိမ်းစို့ (အပိုင်း-၁) Read More »

စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့

စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန် အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့ (International Day for Preventing the Exploitation of the Environment in War and Armed Conflict) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့ Read More »

သဲကန္တာရဖြစ်ထွန်းခြင်း (Desertification)

သဲကန္တာရဖြစ်ထွန်းခြင်းဆိုသည်မှာ ပူပြင်းခြောက်သွေ့သည့် နေရာဒေသများ၊ အလယ်အလတ် ပူပြင်းခြောက်သွေ့သည့် နေရာဒေသများနှင့် ခြောက်သွေ့စိုစွတ်သော နေရာဒေသများတို့တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာအရည် အသွေး ကျဆင်းခြင်းဖြစ်စဥ်ကို ခေါ်ဆိုကြောင်း ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး  ကွန်ဗင်းရှင်းက အနက်ဖွင့်ဆိုထားပါသည်။ ကမ္ဘာမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းသည် သဲကန္တာရဖြစ်ထွန်းခြင်းနှင့် ကြုံတွေ့ရလျက်ရှိပြီး စိုက်ပျိုးမြေ အလွန်အကျွံချဲ့ထွင်ခြင်း၊ စားကျက်ချခြင်းနှင့် သစ်တောများ ပြုန်းတီးခြင်း စသည့် လုပ်ရပ်များကြောင့် သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်ပါသည်။ အပူပိုင်းဒေသမျိုးရင်းအပင်များ  ပြုစုထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ ကောင်းမွန်သည့် စိုက်ပျိုး နည်းစနစ်များကို အသုံးချခြင်းနှင့် ရေသယံဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲခြင်းစသည့် အပူပိုင်း‌ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းခြင်းကို တိုက်ဖျက်တားဆီးနိုင်ပါကြောင်း မျှဝေအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

သဲကန္တာရဖြစ်ထွန်းခြင်း (Desertification) Read More »

“သတ္တုတူးဖော်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ”

·     သတ္တုတူးဖော်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကိုပါ ယှဉ်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ·     သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်းသာမက သတ္တုတူးဖော်ရေးလုပ်ငန်း ပိတ်သိမ်းရာတွင်လည်း ဇီဝမျိုးစုံမျိုးကွဲများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်/ ဂေဟ စနစ် အနေအထားဖြစ်စေရန် အစီအမံများ ချမှတ်ရေးဆွဲထားရှိရန် အရေးကြီးကြောင်း၊ ·     သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ယှဥ်တွဲဆောင်ရွက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် ရည်မှန်းချက်အစီအမံများ ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ ·  သတ္တုတူးဖော်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီး အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း၊ သတ္တုတူးဖော်မှုကြောင့် ပျက်စီးသွားသည့်နေရာများအား ပြန်လည်အစားထိုး ဂေဟစနစ်စိုက်ခင်းများ တည်ထောင်ခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ထိခိုက်သွားသည့်နေရာအား အစား ထိုးအနေဖြင့် အခြားနေရာများတွင် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် စောင့်ရှောက်ခြင်း စသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ်

“သတ္တုတူးဖော်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ” Read More »

ဆည်တည်ဆောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များ (အပိုင်း-၂)

ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများမှာ – (၁) ဆည်အထက်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ ရှေးဟောင်းအမွေအနှစ်များ ပျောက်ဆုံး ဆုံးရှုံးသွားနိုင်မှု၊ မြေအောက်ရေစီးဆင်းမှုစနစ်ကို ထိခိုက်နှေးကွေးသွားနိုင်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ရာ ဘုံဌာနနှင့် ဂေဟစနစ်ပျက်စီးခြင်း၊ (၂) ဆည်အောက်ပိုင်းတွင် ဖြစ်ပေါ်စေနိုင်သော ဆိုးကျိုးများ သဘာဝမြစ်ရေကြီးမှုနှင့် ရေဖုံးလွှမ်းတတ်မှုအခြေအနေ ပြောင်းလဲစေခြင်း၊ ရေစီးဆင်းမှု ပြောင်းလဲမှုနှင့် လျော့နည်းသွားမှု၊ မြစ်ရေဓာတ်သဘာဝလက္ခဏာ အရည်အသွေး ပြောင်းလဲနိုင်ခြင်း၊ (၃) လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ထွက်လာသော အပြည်ပြည်ဆိုင်ရာ ပြဿနာ၊ (၄) ဆည်တည်ဆောက်ချိန်ကာလ ဆည်နေရာတွင် ဖြစ်ပေါ်တတ်သော ဆိုးကျိုး ရေ၏ စရိုက်လက္ခဏာပြောင်းလဲခြင်း၊ ယူထရိုဖီကေးရှင်းဖြစ်စဥ်များကြောင့် ရေ၏ အဆင့်အတန်းကို ညံ့ဖျင်းစေခြင်း၊ ဖုန်မှုန့်နှင့် ဆူညံသံများ၊ ရေထုညစ်ညမ်းမှု ဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။ လူသားတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်

ဆည်တည်ဆောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များ (အပိုင်း-၂) Read More »

ဆည်တည်ဆောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များ (အပိုင်း-၁)

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီမှစ၍ ဆည်များတည်ဆောက်ခဲ့ကြပြီး လူသားများအတွက် ကောင်းကျိုးရလဒ်များ ရရှိစေသကဲ့သို့ ဆိုးပြစ်များလည်း သက်ရောက်စေခဲ့ပါသည်။ ဆည်တည်ဆောက်ခြင်းကြောင့် ရရှိသော ကောင်းကျိုးများမှာ- (၁) ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်း (၂) ရေကြီးရေလျှံမှုများမှ ကာကွယ်နိုင်ခြင်း (၃) လယ်ယာ၊ သောက်သုံးရေ၊ စက်မှုလက်မှုလုပ်ငန်းများအတွက် အသုံးပြုနိုင်ခြင်း (၄) ဆည်ဝန်းကျင်တွင် အပန်းဖြေအနားယူခြင်း ဘေးထွက်ဆိုးကျိုးများမှာ- (၁) ဆည်၏ အထက်ပိုင်းတွင် ဖြစ်ပေါ်တတ်သောဆိုးကျိုး (၂) ဆည်၏ အောက်ပိုင်းတွင် ဖြစ်ပေါ်တတ်သောဆိုးကျိုး (၃) လူမှုပတ်ဝန်းကျင်ထိခိုက်မှု (၄) ဆည်တည်ဆောက်ချိန်ကာလ ဆည်နေရာတွင် ဖြစ်ပေါ်တတ်သော ဆိုးကျိုးတို့ ဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

ဆည်တည်ဆောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များ (အပိုင်း-၁) Read More »

“တွေးတောစရာ တောင်ပေါ်ဒေသ ရေကြီးရေလျှံမှု ပြဿနာ”

တောင်ပေါ်ဒေသ ရေကြီးရေလျှံရခြင်း​၏ အဓိကအကြောင်းအရင်းများတွင် မြို့ပြနေထိုင်မှု လျင်မြန်စွာ တိုးပွားလာပြီး လူဦးရေထူထပ်လာခြင်း၊ စွန့်ပစ်ပစ္စည်းများ စုပုံခြင်းကြောင့် ရေစီးဆင်းမှု ပိတ်ဆို့ခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ထိန်းသိမ်းပြုပြင်မှု မရှိခြင်းတို့ ပါဝင်ပါသည်။ ရေကြီးရေလျှံမှု​၏ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်များကို မခံစားကြရလေအောင် သဘာဝဂေဟ စနစ်ကြီး​ မှီတည်ရာ အရင်းအမြစ်ဖြစ်သော ရေသံသရာကြီးအား အလေးထား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်မှာ လူသားအားလုံး​၏ တာဝန်ဖြစ်ပါကြောင်း။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

“တွေးတောစရာ တောင်ပေါ်ဒေသ ရေကြီးရေလျှံမှု ပြဿနာ” Read More »

“ဇီဝမျိုးစုံမျိုးကွဲများ၊ ထိန်းသိမ်းရေးနှင့် ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ (အပိုင်း-၃)”

“ထိန်းသိမ်းရေးဆိုင်ရာ အခန်းကဏ္ဍများ” ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရာတွင် – (၁) အစိုးရအဖွဲ့အစည်းများ (ပြည်ထောင်စု/ပြည်နယ်/ဒေသန္တရ) (၂) အစိုးရမဟုတ်သော အဖွဲ့အစည်းများ (၃)  စီးပွားရေးလုပ်ငန်းများ (ဥပမာ- ကုမ္ပဏီများ) (၄)  နိုင်ငံသား တစ်ဦးတစ်ယောက်ချင်း ပူးပေါင်းပါဝင်၍ ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ပါ သည်။ “ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ” နိုင်ငံသူနိုင်ငံသားတိုင်း ကျန်းမာပျော်ရွှင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တွင် နိုင်ငံနှင့် တိုင်းသူပြည်သားတို့၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ကုစား နိုင်ရန် အရေးတကြီး လိုအပ်မည်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဥပမာ-အမျိုးသားဥယျာဥ်များ) ဖြင့် နိုင်ငံသူ/သားတို့၏ ကျန်းမာပျော်ရွှင်ရေး၊ လေ့လာအပန်း ဖြေရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

“ဇီဝမျိုးစုံမျိုးကွဲများ၊ ထိန်းသိမ်းရေးနှင့် ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ (အပိုင်း-၃)” Read More »

“မိုမိုတို့ရဲ့နေ့…ကမ္ဘာ့ဆင်များနေ့”

ကမ္ဘာ့ဆင်များနေ့ ပေါ်ပေါက်လာပုံ ဆင်တိရစ္ဆာန်များအပေါ် ခြိမ်းခြောက်လျက်ရှိသောအရာများ ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်ပုံ သရုပ်ဖော်ပြချက်များ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Previous Next

“မိုမိုတို့ရဲ့နေ့…ကမ္ဘာ့ဆင်များနေ့” Read More »