ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများမှာ –
(၁) ဆည်အထက်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ
- ရှေးဟောင်းအမွေအနှစ်များ ပျောက်ဆုံး ဆုံးရှုံးသွားနိုင်မှု၊
- မြေအောက်ရေစီးဆင်းမှုစနစ်ကို ထိခိုက်နှေးကွေးသွားနိုင်ခြင်း၊
- သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ရာ ဘုံဌာနနှင့် ဂေဟစနစ်ပျက်စီးခြင်း၊
(၂) ဆည်အောက်ပိုင်းတွင် ဖြစ်ပေါ်စေနိုင်သော ဆိုးကျိုးများ
- သဘာဝမြစ်ရေကြီးမှုနှင့် ရေဖုံးလွှမ်းတတ်မှုအခြေအနေ ပြောင်းလဲစေခြင်း၊
- ရေစီးဆင်းမှု ပြောင်းလဲမှုနှင့် လျော့နည်းသွားမှု၊
- မြစ်ရေဓာတ်သဘာဝလက္ခဏာ အရည်အသွေး ပြောင်းလဲနိုင်ခြင်း၊
(၃) လူမှုပတ်ဝန်းကျင်ထိခိုက်မှု
- ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ထွက်လာသော အပြည်ပြည်ဆိုင်ရာ ပြဿနာ၊
(၄) ဆည်တည်ဆောက်ချိန်ကာလ ဆည်နေရာတွင် ဖြစ်ပေါ်တတ်သော ဆိုးကျိုး
- ရေ၏ စရိုက်လက္ခဏာပြောင်းလဲခြင်း၊
- ယူထရိုဖီကေးရှင်းဖြစ်စဥ်များကြောင့် ရေ၏ အဆင့်အတန်းကို ညံ့ဖျင်းစေခြင်း၊
- ဖုန်မှုန့်နှင့် ဆူညံသံများ၊
- ရေထုညစ်ညမ်းမှု ဖြစ်ပေါ်လာခြင်းတို့ ဖြစ်ပါသည်။
လူသားတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်တည်ဆောက်သော ဆည်တာတမံ များသည် ကောင်းကျိုးများရရှိစေသကဲ့သို့ ဆိုးပြစ်များလည်း ဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ ဆည်များ တည် ဆောက်ရာတွင် ဘေးထွက်ဆိုးကျိုး (ဝါ) ဂေဟစနစ်ထိခိုက်ပျက်ပြားမှုတို့ကို အနည်းဆုံးဖြစ်စေရေး စီမံ လုပ်ဆောင်ရန် အထူးလိုအပ်ပါကြောင်း။
