“ထိန်းသိမ်းရေးဆိုင်ရာ အခန်းကဏ္ဍများ”
ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်းရာတွင် –
(၁) အစိုးရအဖွဲ့အစည်းများ (ပြည်ထောင်စု/ပြည်နယ်/ဒေသန္တရ)
(၂) အစိုးရမဟုတ်သော အဖွဲ့အစည်းများ
(၃) စီးပွားရေးလုပ်ငန်းများ (ဥပမာ- ကုမ္ပဏီများ)
(၄) နိုင်ငံသား တစ်ဦးတစ်ယောက်ချင်း ပူးပေါင်းပါဝင်၍ ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်ပါ သည်။
“ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ”
နိုင်ငံသူနိုင်ငံသားတိုင်း ကျန်းမာပျော်ရွှင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တွင် နိုင်ငံနှင့် တိုင်းသူပြည်သားတို့၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ကုစား နိုင်ရန် အရေးတကြီး လိုအပ်မည်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဥပမာ-အမျိုးသားဥယျာဥ်များ) ဖြင့် နိုင်ငံသူ/သားတို့၏ ကျန်းမာပျော်ရွှင်ရေး၊ လေ့လာအပန်း ဖြေရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဖြစ်ပါသည်။
