အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ လစဥ်ဆွေးနွေးပွဲ (၄) ကို “တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်း” ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။
တော်လှန်ပြည်သူတို့ သိသင့်သည့် ဓာတ်သတ္တုအကြောင်းအရာများကို CDM ဗိုလ်ကြီးညီသုတ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် တို့က ဆွေးနွေးပြောကြားခဲ့ပြီး Moderator အဖြစ် ဒါရိုက်တာ သည်ခေတ်နေမှ ပါဝင်အားဖြည့်ခဲ့ပါသည်။
ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ Public Voice Television၊ Radio NUG နှင့် ဗိုလ်ကြီးညီသုတ တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။
