ကြားကာလသယံဇာတစီမံအုပ်ချုပ်ရေးမူဘောင် (သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများကက္ဍ)

  • မျက်မှောက်ကာလ၌ အကြမ်းဖက်စစ်ကောင်စီက သဘာဝသယံဇာတများအား အထိန်းအကွပ်မဲ့ ထုတ်လုပ်မည့်အန္တရာယ် ဖြစ်ပေါ်လျှက်ရှိသည့်အပြင်၊ နေရာဒေသများစွာတွင် ဖြစ်ပေါ်လျှက်ရှိသည့် ဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းများအား အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာ စီးပွားရေးသမားများကလည်း သဘာဝသယံဇာတများကို ဥပဒေမဲ့ထုတ်လုပ်သည့် အန္တရာယ်များလည်း ဖြစ်ပေါ်လျှက်ရှိသည်။
  • သို့ဖြစ်ပါ၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၄)၊ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များတွင် ဖော်ပြထားသည့် ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၂၃ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၂၅ ပုဒ်မခွဲ (က) တို့အရ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ရှိရင်းစွဲ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ သယံဇာတများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်တားဆီးနိုင်ရေး၊ သယံဇာတများ ရေရှည်တည်တံ့စေရေး တို့အတွက် ခေတ်ကာလနှင့်လျှော်ညီသည့် စီမံအုပ်ချုပ်ခြင်းများ ပြုနိုင်ရန် ဤမူဘောင်ကို ပြဋ္ဌာန်းလိုက်သည်။