· သတ္တုတူးဖော်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကိုပါ ယှဉ်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊
· သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်းသာမက သတ္တုတူးဖော်ရေးလုပ်ငန်း ပိတ်သိမ်းရာတွင်လည်း ဇီဝမျိုးစုံမျိုးကွဲများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်/ ဂေဟ စနစ် အနေအထားဖြစ်စေရန် အစီအမံများ ချမှတ်ရေးဆွဲထားရှိရန် အရေးကြီးကြောင်း၊
· သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ယှဥ်တွဲဆောင်ရွက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် ရည်မှန်းချက်အစီအမံများ ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊
· သတ္တုတူးဖော်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီး အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း၊ သတ္တုတူးဖော်မှုကြောင့် ပျက်စီးသွားသည့်နေရာများအား ပြန်လည်အစားထိုး ဂေဟစနစ်စိုက်ခင်းများ တည်ထောင်ခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ထိခိုက်သွားသည့်နေရာအား အစား ထိုးအနေဖြင့် အခြားနေရာများတွင် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ် စောင့်ရှောက်ခြင်း စသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအပေါ် သက်ရောက်မှုလျှော့ချပုံ အဆင့်ဆင့်ကို ဖော်ဆောင်နိုင်ခြင်းအားဖြင့် သတ္တုတူးဖော်ထုတ်လုပ်မှုကြောင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရုံသာမက ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာအောင် ထပ်တိုးဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း။
