အပိုင်း (၂) တွင် ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များ ထိန်းသိမ်းသောနယ်မြေများ ဖြစ်ပေါ်လာစေ သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူဆွေးနွေးချက်အချို့ကို တင်ပြထားသည်။
ဆက်လက်၍ ဒေသခံပြည်သူအစုအဖွဲ့ ထိန်းသိမ်းရေးနယ်မြေ၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ IUCN သတ် မှတ်ထားသည့် ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့ထိန်းသိမ်းရေးနယ်မြေ အမျိုးအစား (၆) ခုအ ကြောင်း၊ ICCA–Consortium အဖွဲ့ဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများအကြောင်းကို မျှဝေထားပါသည်။
အနာဂတ်ကာလအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများအနေဖြင့်
၁) မိမိတို့ဒေသဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်းနှင့် လိုအပ်ချက်များကို စာရင်းကောက်ယူခြင်း၊
၂) နယ်မြေပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို အများသဘောတူ သတ်မှတ်ခြင်း၊
၃) ဥပဒေအထောက်အပံ့များ ရယူခြင်းနှင့် ဒေသအခြေအနေနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်း၊
၄) မိမိတို့နယ်မြေကို အမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်းစနစ်တွင် ပါဝင်လာစေရန်/အသိအမှတ်ပြုလာစေရန် ဆောင်ရွက်ခြင်း
၅) လက်ရှိမြေ/သယံဇာတဆိုင်ရာ လုပ်ပိုင်ခွင့်များကို ခိုင်မာအောင် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်း၊
၆) လူမှုစီးပွားရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများ၊ အတွင်း/အပြင် ခြိမ်းခြောက်မှုများ၊ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ၊ အဖွဲ့အစည်းနှင့် ကွန်ရက်ပြုလုပ်ခြင်း။
ဆောင်းပါးပါ အချက်အလက်များအပြင် အတွေ့အကြုံရှိသော ပညာရှင်များက လိုအပ်သလို ထပ်မံဖြည့် စွက်အကြံပြုပေးခြင်းဖြင့် အနာဂတ်ကာလ ဖယ်ဒရယ်နိုင်ငံစနစ်အောက်တွင် ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့ပိုင်နယ်မြေများ အမြန်ဆုံး ပေါ်ထွန်းလာအောင် စုပေါင်းအားထုတ်ကြပါစို့။
ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များနှင့် ၎င်းတို့၏နယ်မြေများမှာ ခွဲခြားလို့ မရအောင် အတူတကွ စည်းနှောင်ထားရှိပြီး ပြည်သူအစုအဖွဲ့များသည် အဆိုပါ နယ်မြေဆိုင်ရာခံစားခွင့်များအပေါ် မူရင်းပိုင်ရှင် များ ဖြစ်ပါသည်။
၎င်းအပြင် ဒေသခံတိုင်းရင်းသားများ၏ သိမြင်နားလည်မှု/ဗဟုသုတ (Indigenous Knowledge) သည် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်များ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အရေးကြီးလှပေသည်။
ဒေသခံတိုင်းရင်းသားပြည်သူများက ၎င်းတို့နယ်မြေများကို ဦးဆောင်ပါဝင် စီမံအုပ်ချုပ်ခြင်းဖြင့် ရေရှည် တည်တံ့သည့် ထိန်းသိမ်းရေးရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့၏အခန်းကဏ္ဍကို ဥပဒေအရ အသိအမှတ်ပြုပြီး ဦးဆောင်မှုမြှင့်တင်ပေးရမည့်အချိန် ရောက်လာပြီဖြစ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံတိုင်းရင်းသားလူမျိုးများ၊ ပြည်သူအစုအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့်စပ်လျဉ်း၍ မူဝါဒ၊ ဥပဒေများနှင့် ညွှန်ကြားချက်များ ပြဌာန်း ထားရှိပါသည်။
အစိုးရဌာနများသည် ဥပဒေအရ ထုတ်ပြန်ကြေငြာထားပြီးသော ဧရိယာများအတွင်းသာ သတ်မှတ်ထားသော ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ကိုင်နိုင်ကြသော်လည်း အဆိုပါဧရိယာထက်ပိုမိုကျယ်ပြန့်သော နယ်မြေများကို ထိန်းသိမ်းရာတွင် ဒေသခံများက ပိုမိုလုပ်ကိုင်နိုင်စွမ်းရှိကြကြောင်း ရေးသားထားသည့် ဆောင်းပါးအပြည့်အစုံကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
