အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလောင်းတော်ကဿပအမျိုးသားဥယျာဥ်မှ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများအား ၂၀၂၂/၂၀၂၃ ခုနှစ်များအတွင်း ထောက်ပံ့မှု (၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆင်ဦးစီးဝန်ထမ်းများအတွက်
- ဝန်ကြီးဌာနရန်ပုံငွေဖြင့် (၃၆၀,၀၀၀) ကျပ်နှင့်
- ပြင်ပအလှူရှင်မှ (၁,၀၀၀,၀၀၀) ကျပ် ထောက်ပံ့ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆင်ဦးစီးဝန်ထမ်းများနှင့် ဆင်များအတွက်
- ပြင်ပအလှူရှင်တစ်ဦးက (၁၇,၀၀၀,၀၀၀) ကျပ် လှူဒါန်းခဲ့ပါသည်။
- ၎င်းအပြင် ဆင်ချစ်သူ (၂) ဦး ထည့်ဝင်လှူဒါန်းပေးသည့် Elephant collections အမှတ်တရ ပစ္စည်းများဖြင့် ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်ခဲ့သည့် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းမှ ရန်ပုံငွေ (၄၄,၀၈၆,၂၄၅) ကျပ် ရရှိခဲ့ပါသည်။ ရရှိခဲ့သည့် ကမ်ပိန်းရန်ပုံငွေ ကျပ်သိန်း (၄၄၀) ကျော်တွင် ကမ်ပိန်းကာလအလွန် ဆင်ချစ်သူမိဘပြည်သူများမှ အဆိုပါကမ်ပိန်း Facebook Page (https://www.facebook.com/ElephantsinRevolution) မှတစ်ဆင့် ဆက်လက်လှူဒါန်းပေးခဲ့သည့် လှူဒါန်းငွေများအားလုံးပါဝင်ပါသည်။
CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း လက်ခံရရှိခဲ့သည့် လှူဒါန်းငွေ/ကမ်ပိန်းရန်ပုံငွေများထဲမှ ဆင်ဦးစီးဝန်ထမ်းများအတွက် ခွဲဝေ ထားရှိသည့် ပမာဏအားလုံး ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါသည်။
ဆင်များအတွက်ကိုမူ ဖြည့်စွက်စာ၊ ဆား/မန်ကျည်း၊ ဆေးဝါးနှင့် ဆင်များထိန်းကျောင်းရာတွင် လိုအပ်သည့် ပစ္စည်းများ စသည် ထောက်ပံ့ပေးရန် လိုအပ်ပြီး အဆိုပါ အထောက်အပံ့များ အတွက် ခွဲဝေထားရှိသည့် ရန်ပုံငွေများကို ဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်၊ ခွဲဝေထောက်ပံ့ပေးလျက်ရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
