ပညာပေးစာစုများ

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests)
ယနေ့ မတ်လ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” ဖြစ်ပြီး သစ်တောများနှင့် အစားအစာများကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် ဆောင်ပုဒ်ကို “Forests and Food” ဟု သတ်မှတ်ထားပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဓိက သတင်းစကား ၇ ချက်ကို မျှဝေအပ်ပါသည်။ (၁) သစ်တောများသည် လူသန်းပေါင်းများစွာအတွက် အစားအစာ၊ ဆေးဝါးနှင့် အသက်မွေး ဝမ်းကြောင်းများဖြစ်စေသည်။ (၂) လူဦးရေ သန်းနှစ်ထောင်ကျော်သည် ချက်ပြုတ်ရန် ထင်းနှင့် အခြားရိုးရာလောင်စာများကို မှီခိုနေရသည်။ (၃) သစ်တောများသည် စိုက်ပျိုးရေးအတွက် အရေးပါသည်။ (၄) သစ်တောများမှ

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day)
ယနေ့ မတ်လ ၃ ရက်နေ့သည် “ကမ္ဘာ့တောရိုင်းတိရစ္ဆန်များနေ့” ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အတွက် ဆောင်ပုဒ်မှာ “တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအတွက် ဘဏ္ဍာရေး – လူနှင့် ကမ္ဘာမြေ အတွက် ရင်းနှီးမြုပ်နှံပေး” (Wildlife Conservation Finance: Investing in People and Planet) ဖြစ်ပါသည်။ တောရိုင်းတိရစ္ဆာန်များသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများပေးခြင်း၊ ကမ္ဘာ တွင် ရှင်သန်လျက်ရှိသော သက်ရှိများအားလုံး၏ ဇီဝကွန်ရက်များရှိ အစားအစာကွင်းဆက်များ တွင် အဓိကကျခြင်း စသည့် အကျိုးကျေးဇူးများ ပေးစွမ်းလျက်ရှိပါ သည်။ သို့ရာတွင် သန်းပေါင်း များစွာသော မျိုးစိတ်များသည် မျိုးသုဥ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရလျက်ရှိပြီး တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအတွက်

ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)
ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် “ကမ္ဘာ့ရေဝပ်ဒေသများနေ့” ဖြစ်ပါသည်။ ရေဝပ်ဒေသများသည် လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် အဓိကကျသော ဝန်ဆောင်မှုများဖြစ်သည့်- ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှု၊ ရေအရင်းအမြစ် ထိန်းညှိခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊ ကာဗွန်စုပ်ယူမှု၊ အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလှုံရေး၊ ယဥ်ကျေးမှုနှင့် အပန်းဖြေမှုတန်ဖိုး စသည့် အကျိုးကျေးဇူးများစွာကို ပေးဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသည် (၁) စိုက်ပျိုးမြေနှင့် ငါး ပုစွန်မွေးမြူရေးကန်များ ချဲ့ထွင်ခြင်း၊ (၂) သစ်တော ပြုန်းတီးမှုနှင့် ဒီရေတောများဆုံးရှုံးခြင်း၊ (၃) စက်မှုလက်မှုလုပ်ငန်းနှင့် ညစ်ညမ်းမှုအမျိုးမျိုး၊ (၄) ရာသီဥတုပြောင်းလဲမှု၊ (၅) စနစ်ကျနမှု အားနည်းသော အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ (International Day of Clean Energy)
ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့” ဖြစ်ပါသည်။ သန့်ရှင်းသောစွမ်းအင်ဆိုသည်မှာ သက်ရှိလူသားများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော (သို့) နည်းစေသော၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ဆိုလိုပါသည်။ သန့်ရှင်းသောစွမ်းအင်များအနေဖြင့် နေစွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်၊ ဘူမိအပူစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် သမုဒ္ဒရာစွမ်းအင်တို့ ပါဝင်ပြီး လူသားများနှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းလျက်ရှိပါသည်။ သန့်ရှင်းသောစွမ်းအင် စနစ်တခုသို့ ပြောင်းလဲနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး၊ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လွှတ်ရာ ရင်းမြစ်များဖြစ်သည့် စက်မှုဖွံဖြိုးပြီး နိုင်ငံများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ရေး၊ လှုပ်ရှားမှုများ မြှင့်တင်ရေးရည်ရွယ်၍ ဇန်နဝါရီလ ၂၆ ရက်နေ့ ကို “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့” အဖြစ်
စစ်အာဏာရှင်များအား တော်လှန်နေစဉ်ကာလအတွင်း မိမိ၏နေ့စဉ်လူနေမှုဘဝကို အနည်းငယ်ပြောင်းလဲခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပါဝင်ကြပါစို့
အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” အစီရင်ခံစာအကျဥ်းချုပ်
အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NATIONALLY DETERMINED CONTRIBUTIONS-NDC)” အစီရင်ခံစာအပြည့်အစုံ
