အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ (International Day of Clean Energy)

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့” ဖြစ်ပါသည်။ သန့်ရှင်းသောစွမ်းအင်ဆိုသည်မှာ သက်ရှိလူသားများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော (သို့) နည်းစေသော၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ဆိုလိုပါသည်။ သန့်ရှင်းသောစွမ်းအင်များအနေဖြင့် နေစွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်၊ ဘူမိအပူစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် သမုဒ္ဒရာစွမ်းအင်တို့ ပါဝင်ပြီး လူသားများနှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းလျက်ရှိပါသည်။

သန့်ရှင်းသောစွမ်းအင် စနစ်တခုသို့ ပြောင်းလဲနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး၊ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လွှတ်ရာ ရင်းမြစ်များဖြစ်သည့် စက်မှုဖွံဖြိုးပြီး နိုင်ငံများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ရေး၊ လှုပ်ရှားမှုများ မြှင့်တင်ရေးရည်ရွယ်၍ ဇန်နဝါရီလ ၂၆ ရက်နေ့ ကို “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့” အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့အများဆုံး ထုတ်လွှတ်ရာနိုင်ငံများ ပါဝင်ဆောင်ရွက်ရုံမျှမကဘဲ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ပြင်းထန်စွာ ခံစားရနိုင်ချေရှိသော ဖွံ့ဖြိုးမှုနောက်ကျနေဆဲ နိုင်ငံများမှလည်း တက်ကြွစွာ ပါဝင်သွားကြရန် လိုအပ်လျက်ရှိပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း-
 
– သန့်ရှင်းသောစွမ်းအင်များအကြောင်း
– ဇီဝရုပ်ကြွင်းလောင်စာများနှင့် ရာသီဥတုပြောင်းလဲခြင်း
– ကမ္ဘာကြီးပူနွေးလာမှုနှင့် နိုင်ငံတကာ သဘောတူညီမှု
– သန့်ရှင်းစွမ်းအင်သို့ ကူးပြောင်းခြင်း
– အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့အကြောင်းကို ဖော်ပြလိုက်ရပါသည်။
 
အကြောင်းအရာအပြည့်အစုံဖတ်ရှုရန် – ဒေါင်းလုပ်ပြုလုပ်ရန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ