ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (World Wildlife Day)

ယနေ့ မတ်လ ၃ ရက်နေ့သည် “ကမ္ဘာ့တောရိုင်းတိရစ္ဆန်များနေ့” ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် အတွက် ဆောင်ပုဒ်မှာ “တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအတွက် ဘဏ္ဍာရေး – လူနှင့် ကမ္ဘာမြေ အတွက် ရင်းနှီးမြုပ်နှံပေး” (Wildlife Conservation Finance: Investing in People and Planet) ဖြစ်ပါသည်။

တောရိုင်းတိရစ္ဆာန်များသည် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများပေးခြင်း၊ ကမ္ဘာ တွင် ရှင်သန်လျက်ရှိသော သက်ရှိများအားလုံး၏ ဇီဝကွန်ရက်များရှိ အစားအစာကွင်းဆက်များ တွင် အဓိကကျခြင်း စသည့် အကျိုးကျေးဇူးများ ပေးစွမ်းလျက်ရှိပါ သည်။ သို့ရာတွင် သန်းပေါင်း များစွာသော မျိုးစိတ်များသည် မျိုးသုဥ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရလျက်ရှိပြီး တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးအတွက် အရေးတကြီးလိုအပ်လျက် ရှိပါသည်။

တောရိုင်းတိရစ္ဆာန်များနေ့ကို အသိအမှတ်ပြုခြင်းသည် ၎င်းတို့က ပေးစွမ်းသော အကျိုးကျေးဇူး များအတွက် သာမကဘဲ ကမ္ဘာမြေပေါ်တွင် လူသားများ ရပ်တည်နိုင်အောင် အတူယှဉ်တွဲ အသက်ရှင် ရပ်တည်ခြင်း၊ သာယာဝပြောခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း ရည်မှန်းချက်များကို မလွဲ မသွေ ရစေနိုင်မည်ဖြစ်သည့်အတွက် ကမ္ဘာတဝှမ်း အရေးကြီးလှသည့် တောရိုင်းတိရစ္ဆာန် ထိန်း သိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို အလေးအနက် တန်ဖိုးထားကြရန် တိုက်တွန်းနှိုးဆော် ရင်း

  • ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ ဖြစ်ပေါ်လာပုံ
  • တောရိုင်းတိရစ္ဆာန်များ၏ အကျိုးကျေးဇူးများ
  • ပျက်စီးပြုန်းတီးမှုများနှင့် ခြိမ်းခြောက်မှုများ
  • ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများ
  • မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းခြင်း
  • ဇီဝမျိုးစုံမျိုးကွဲများ အခြေအနေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တည်ထောင် ခြင်း
  • တောရိုင်းတိရစ္ဆာန်များအပေါ် ကျွန်ုပ်တို့၏ တန်ဖိုးထားမှုများ
  • အနာဂတ်မျှော်မှန်းချက် စသည့် အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။
အကြောင်းအရာအပြည့်အစုံဖတ်ရှုရန် – ဒေါင်းလုပ်ပြုလုပ်ရန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ