မြို့နယ်အဆင့် အမှတ် (၁) အခြေခံ ပြည်သူ့လုံခြုံရေးသင်တန်း ဖွင့်လှစ်ပို့ချခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြင်းမူမြို့ နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ ဦးစီးကျင်းပပြုလုပ်သော မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ “မြို့နယ်အဆင့် အမှတ် (၁) အခြေခံ ပြည်သူ့လုံခြုံရေးသင်တန်း” တွင် စစ်ကိုင်းခရိုင် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ လမ်းညွှန်မှုဖြင့်-

“ပြည်ထောင်စုဝန်ကြီးရုံး ဖွဲ့စည်းပုံများနှင့် လုပ်ငန်းတာဝန်များအကြောင်း” ကို မြင်းမူမြို့နယ် သယံဇာတ အတွင်းရေးမှူးမှ ပို့ချသင်ကြားခြင်း၊

“သယံဇာတဆိုင်ရာ (သစ်တော/ပတ်ဝန်းကျင်/သတ္တု/ကျောက်မျက်) မူဝါဒများနှင့် ဒဏ်ကြေး နှုန်းထားများအကြောင်း” ကို စစ်ကိုင်းမြို့နယ် သယံဇာတ အတွင်းရေးမှူးမှ ပို့ချသင်ကြားခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နှင့် မြင်းမူမြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ