ယနေ့ မတ်လ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” ဖြစ်ပြီး သစ်တောများနှင့် အစားအစာများကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် ဆောင်ပုဒ်ကို “Forests and Food” ဟု သတ်မှတ်ထားပါသည်။ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဓိက သတင်းစကား ၇ ချက်ကို မျှဝေအပ်ပါသည်။
(၁) သစ်တောများသည် လူသန်းပေါင်းများစွာအတွက် အစားအစာ၊ ဆေးဝါးနှင့် အသက်မွေး ဝမ်းကြောင်းများဖြစ်စေသည်။
(၂) လူဦးရေ သန်းနှစ်ထောင်ကျော်သည် ချက်ပြုတ်ရန် ထင်းနှင့် အခြားရိုးရာလောင်စာများကို မှီခိုနေရသည်။
(၃) သစ်တောများသည် စိုက်ပျိုးရေးအတွက် အရေးပါသည်။
(၄) သစ်တောများမှ ရရှိသော တောရိုင်းတိရစ္ဆာန်အသားများသည် ပရိုတင်းနှင့် အာဟာရဓာတ် များအတွက် အရေးပါသော အရင်းအမြစ်ဖြစ်သည်။
(၅) သစ်တောများသည် အရေးပေါ်အခြေအနေများတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် ကူညီပေးသည်။
(၆) သစ်တောများသည် ရေ အတွက် အရေးပါပြီး၊ ဂေဟစနစ်နှင့် ကျွန်ုပ်တို့၏ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရအတွက် မှီခိုနေရသည်။
(၇) သစ်တောများသည် ဒေသခံများ၏ ဝင်ငွေကို ထောက်ပံ့ပေးပြီး၊ အသက်မွေးဝမ်းကြောင်းနှင့် အာဟာရကို မြှင့်တင်ပေးသည်။
ရေရှည်တည်တံ့သော သစ်တောနှင့် သဘာဝသယံဇာတများ စီမံခန့်ခွဲမှု၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကဲ့သို့ တိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသရှိ မြေအပါအဝင် သယံဇာတများကို မိမိတို့ စီမံအုပ်ချုပ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ကဲ့သို့သော အခြေခံဖွဲ့စည်း အုပ်ချုပ်ရေးစနစ်များ၊ ဥပဒေများ ပိုမိုအားကောင်းလာစေရန်နှင့် သစ်တောများကို ကာကွယ် ရန်နှင့် ပြန်လည်ထူထောင်ရန် ပြုည်သူလူထု အခြေပြု လုပ်ဆောင်ချက်များကသာလျှင် အဓိက ဖြစ်ကြောင်း၊ ကမ္ဘာကြီးနှင့် သက်ရှိ ဇီဝမျိုးစုံမျိုးကွဲများ၊ လူသားများ ရေရှည် ရပ်တည်နိုင်ရေးအတွက် ခေတ်စနစ်နှင့် လျော်ညီစွာ စီမံအုပ်ချုပ်ရမည်ဖြစ်ပါကြောင်း ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ဂုဏ်ပြုရင်း-
- အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပေါ်လာပုံ
- လူသားများ၏ အစာအာဟာရအတွက် သစ်တောများ၏ အရေးပါမှု
- နှစ်အလိုက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ဂုဏ်ပြုဆောင်ပုဒ်များ
- ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အဓိက သတင်းစကား ၇ ချက်
- မြန်မာနိုင်ငံ သစ်တောများ စီမံအုပ်ချုပ်ခြင်း လက်ရှိအခြေအနေ
- ကျွန်ုပ်တို့၏ အနာဂတ် စသည့် အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
