ပညာပေးစာစုများ

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day)
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ယနေ့ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့” အတွက် ဆောင်ပုဒ်မှာ “သက်ရှိလောက အစာရေစာ၊ နေ့စဉ်ဘဝ အသက်တာ၊ ရေခဲတောင်က မြစ်ဖျားခံလာ၊ တန်ဖိုးထားကာ ထိန်းသိမ်းပါ (Glaciers matter for water, food and livelihoods in mountains and beyond) ဖြစ်သည်။ ကမ္ဘာ့ရေချိုအရင်းမြစ်တစ်ခုအဖြစ် တောင်တန်းဒေသများ၏ အရေးကြီးသည့် အခန်းကဏ္ဍများကို မီးမောင်းထိုးပြထားခြင်းဖြစ်သည့်အပြင် ရေခဲမြစ်များ ပျောက်ကွယ်သွားမှု မရှိစေရး ကာကွယ်ရေးအစီအမံများ ပြုလုပ်ကြရန်အတွက် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agricultural Organization of United

ကမ္ဘာ့ရေကန်များနေ့ (World Lake Day)
ကမ္ဘာ့မြေမျက်နှာပြင်ရှိ ရေချိုအရင်းအမြစ်များ၏ ၉၀% ကျော်ခန့်သည် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ရေကန်များ၊ အင်း/အိုင်များ၊ လူသားများ ဖန်တီးထားသည့် ရေကန်များ၊ ဆည်နှင့် တာတမံများတွင် တည်ရှိနေပါသည်။ ရေကန်များသည် လူသားများအတွက်သာမက သားငှက်တိရစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်အတွက်ပါ အဓိကကျသည့် အရေးကြီးဆုံးသော သဘာဝသယံဇာတအရင်းအမြစ်များအနက်တစ်ခုဖြစ်ပါသည်။ ထို့အတွက် ရေကန်များ၏ အရေးပါမှုကို “Lakes: the lifeblood of our planet” “ရေကန်များသည် ကမ္ဘာကြီး၏ အသက်သွေးကြောပင်ဖြစ်သည်” ဟူသော ဆောင်ပုဒ်ဖြင့် တင်စားဖော်ကျူးနိုင်ပါသည်။ရေကန်များသည် အခရာကျသော ကမ္ဘာ့ရေချိုအရင်းအမြစ်တခုဖြစ်ပြီး သောက်သုံးရေ၊ စိုက်ပျိုးရေးနှင့် စက်ရုံများအတွက် လိုအပ်သည့် ရေအရင်းအမြစ်များကို ထောက်ပံ့ပေးခြင်း၊ လူသားများ အနားယူအပန်းဖြေနိုင်စေရန် သဘာဝမြေယာရှုခင်းအလှအပများနှင့် စီးပွားရေး အခွင့်အလမ်းများဖြစ်သည့် ခရီးသွားလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများနှင့်

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့ (International Day for Biological Diversity)
မေလ ၂၂ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့” ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “သဘာဝနှင့် သဟဇာတရှိရှိနေထိုင်မှ ရေရှည်ဖွံ့ဖြိုးမှုဖော်ဆောင်ရ” ဖြစ်ပါသည်။ဇီဝမျိုးစုံမျိုးကွဲဟုဆိုရာတွင် အပင်၊ တိရစ္ဆာန်နှင့် ပိုးမွှားအင်းဆက်များသာမက မျိုးစိတ်များအတွင်းနှင့် မျိုးစိတ်များအကြားရှိ မျိုးရိုးဗီဇစုံလင်ကွဲပြားမှု၊ လူ၊ တိရစ္ဆာန်နှင့် အပင်များအကြား အပြန်အလှန် ဆက်နွှယ်မှုများရှိသည့် ဂေဟစနစ်များ (ဥပမာ-သစ်တောများ၊ သဲကန္တာရများ၊ စိုက်ပျိုးမြေများ) တို့ ပါဝင်ပါသည်။ဇီဝမျိုးစုံမျိုးကွဲများမှာ လူ့ယဥ်ကျေးမှု တည်ဆောက်ရာတွင် အခြေခံကျသည့် အထောက်အကူပြု အရင်းအမြစ်များ ဖြစ်ကြပါသည်။ ငါးများသည် လူပေါင်း ၃ ဘီလီယံခန့်အား သတ္တဝါအခြေပြု ပရိုတင်းဓာတ် ၂၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးသကဲ့သို့ လူတို့ စားသုံးသည့် အာဟာရဓာတ် ၈၀ ရာခိုင်နှုန်းကျော်ခန့်ကို

မြန်မာနိုင်ငံနှင့် ငလျင်ဘေးအန္တရာယ်
ငလျင်ဆိုသည်မှာ မြေမျက်နှာပြင်အောက်ရှိ ကျောက်များ ရုတ်တရက် ကျိုးပြတ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာသော မြေသားရုတ်တရက် လျင်မြန်စွာတုန်ခါမှုဖြစ်ပြီး ငလျင်ဖြစ်ပေါ်စေသော အကြောင်းရင်း သုံးမျိုးမှာ -(၁) မြေထုချပ် လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်ခြင်း၊(၂) မီးတောင်ပေါက်ကွဲခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်ခြင်း၊(၃) လူတို့လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြသည်။မြေထုချပ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သော ငလျင်များသည် အတွေ့ရအများဆုံး၊ ဖျက်ဆီးမှု အများဆုံး၊ စွမ်းအားအမြင့်မားဆုံးနှင့် ခန့်မှန်းရန် အခက်ဆုံးဖြစ်သည်။ကမ္ဘာ့အဓိက ငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုဖြစ်သော “အယ်လပိုက်” ငလျင်ကြော (Alpide Earthquake Belt) ၌ ကျရောက်တည်ရှိနေသော မြန်မာနိုင်ငံတွင် ငလျင်မကြာခဏလှုပ်ပြီး ငလျင် ဘေးအန္တရာယ်လည်း အတော်အတန်များပါသည်။ မြန်မာနိုင်ငံတွင် ငလျင်များကို လှုပ်စေခဲ့သော အဓိကအကြောင်းရင်းကြီးမှာ မြေထုချပ် လှုပ်ရှားမှုကြောင့် ဖြစ်ပေသည်။
စစ်အာဏာရှင်များအား တော်လှန်နေစဉ်ကာလအတွင်း မိမိ၏နေ့စဉ်လူနေမှုဘဝကို အနည်းငယ်ပြောင်းလဲခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ပါဝင်ကြပါစို့
အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” အစီရင်ခံစာအကျဥ်းချုပ်
အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NATIONALLY DETERMINED CONTRIBUTIONS-NDC)” အစီရင်ခံစာအပြည့်အစုံ
