MONREC Zip

ဝန်ကြီးဌာန CDM ဆင်လေးများ လည်ချောင်းကွဲရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်း ရန်ပုံငွေများနှင့် ပြင်ပအလှူရှင်များ​၏ လှူဒါန်းမှုများကို ဆင်ဦးစီးဝန်ထမ်းများ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများ ဝယ်ယူရန် ခွဲဝေထောက်ပံ့ခဲ့ပါသည်။ ယင်းလှူဒါန်းငွေများထဲမှ ဆင်များအတွက် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးဝယ်ယူခြင်း၊ မန်းဆေးနှင့် အကိုက်အခဲပျောက်ဆေးများ ဝယ်ယူခြင်း၊ ဆီးဆေးဝယ်ယူခြင်းနှင့် ဖြည့်စွက်စာ မန်ကျည်းသီးမှည့် ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆင်များအတွက် လည်ချောင်းကွဲ‌ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်းဖြစ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ဝန်ကြီးဌာန CDM ဆင်လေးများ လည်ချောင်းကွဲရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်း Read More »

ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ခြင်း

နိုဝင်ဘာလ ၁၈ ရက် ၊ ၂၀၂၃ ခုနှစ် ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများတွေ့ဆုံဆွေး နွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် မြန်မာစံတော်ချိန် (၁၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်မှ “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာဆိုရင် အမျိုး သားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကာလ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ ဝန်ကြီး ဌာနတခုလည်းဖြစ်ပါတယ်။ သယံဇာတ ပေါကြွယ်ဝပြီးဆင်းရဲလွန်းတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်များဟာ သူတို့သက်ဆိုးရှည်နိုင်ဖို့အတွက် သယံဇာတများကို လက်လွတ်စပယ် လုပ်ကွက်ချပေးတာတွေ လုပ်ဆောင်ခဲ့တာတွေကြောင့် သယံဇာတ ကျိန်စာ သင့်တဲ့ တိုင်းပြည်လို့တောင် ကင်ပွန်းတပ်ခံရတဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ ဒီတော်လှန်ရေး

ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားပြုလုပ်ခြင်း Read More »

ECD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ CDMer ဝန်ထမ်းများအနေဖြင့်ဝန်ထမ်းရေးရာကိစ္စရပ် များအတွက် အောက်ဖော်ပြပါ ECD focal person သို့ Signal (သို့) Telegram နံပါတ်များမှ တဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။   Signal +66806270249 Telegram +66650958980 Telegram username @HaruAlex   (သစ်တောဦးစီးဌာန Focal person သို့ ဆက်သွယ်လိုပါက https://m.facebook.com/story.php?story_fbid=624863099820858&id=100068915212059)   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ECD focal person သို့ Signal (သို့) Telegram နံပါတ်များမှတဆင့် ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ နေ့လယ်(၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အစည်းအဝေးအဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် “တက်ရောက်လာတဲ့ မြေပြင်က သယံဇာတအဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခွင့်ရတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ အားလုံးသိပြီးသားဖြစ်သည့်အတိုင်း ဒီအချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ ထိတွေ့မှုတွေ ဆက်တိုက် ဆင်နွှဲနေတာဖြစ်ပြီး အောင်မြင်မှုများလည်း ဆက်တိုက်ရရှိနေတာဖြစ်သလို တဘက်တွင်လည်း တော်လှန်ရေးအင်အားစုများမှ မိမိတို့ တော်လှန်ရေး ရဲဘော်များ ထိခိုက်ကျဆုံးသည့် သတင်း များလည်း ကြားသိရ၍ အင်မတန် စိတ်မကောင်း ဝမ်းနည်းမိပါကြောင်း၊ မြေပြင်အဖွဲ့တွေ အနေနဲ့လည်း စိတ်မကောင်းခြင်းတွေ ဖြစ်ကြမည်ကိုလည်း

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှု အဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံ ဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံး အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် – အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၃) အစည်းအဝေးကျင်းပခြင်း Read More »

IBHA Natural Heritage Sites

ပညာရေးဆောင်းပါး အမှတ် (၁၄) “မြန်မာနိုင်ငံရှိ သဘာဝအမွေအနှစ် နယ်မြေများ” ကို အောက်တွင် ဒေါင်းလုဒ်ရယူဖတ်ရှုနိုင်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

IBHA Natural Heritage Sites Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၉) ထုတ်ပြန်ခြင်း (၃၁ အောက်တိုဘာလ ၂၀၂၃)

Previous slide Next slide -အောက်တိုဘာလအတွင်း ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – ဖယ်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ – အောက်တိုဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှု – မြန်မာနိုင်ငံသည် ထာဝရ ဓားစာခံဖြစ် (အပိုင်း-၂)) -ကဗျာကဏ္ဍ (- မျှော်လင့်ခြင်းမနက်ဖြန်-) -ကာတွန်းကဏ္ဍ – နိုဝင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၉) ထုတ်ပြန်ခြင်း (၃၁ အောက်တိုဘာလ ၂၀၂၃) Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့၊ နေ့လယ် (၂း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းစောဖူးတို့က အစည်းအဝး အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြာခဲ့ပြီး၊ ခရိုင် (၁၀)ခရိုင်ရှိ မြို့နယ် (၂၆) မြို့နယ်တို့မှ ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာကြသည့် ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ် အဖွဲ့ တို့မှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် စိန်ခေါ်မှုများကို

အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း Read More »

“Capacity building training on climate change and environmental conservation related issues under federal democratic Myanmar” သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

အနာဂါတ် ဖယ်ဒရယ် ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအတွက် လူငယ်မျိုးဆက်သစ် သင်တန်းသားများ ခေါ်ယူ သွားမည်ဖြစ်ပါသဖြင့် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါရန် အသိ ပေးကြေညာအပ်ပါသည်။ – အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း – သက်ဆိုင်ရာ တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိပြီးသူများ – ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနယ် ပယ်များတွင် အနည်းဆုံး လုပ်သက် (၁) နှစ် တာဝန်ထမ်းဆောင်ဖူးသူများ – အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသော အထက်ပါ အရည်အချင်း များနှင့် ကိုက်ညီသူများ – သင်တန်းပြီးစီးပါက ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သင်တန်းများကို ပြန်လည်သင်တန်းပို့ချနိုင်သူများကို

“Capacity building training on climate change and environmental conservation related issues under federal democratic Myanmar” သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၈) ထုတ်ပြန်ခြင်း (၁ အောက်တိုဘာလ ၂၀၂၃)

Previous slide Next slide -စက်တင်ဘာလအတွင်း ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – ဖယ်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ – စက်တင်ဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှု – မြန်မာနိုင်ငံသည် ထာဝရ ဓားစာခံဖြစ်) -ကဗျာကဏ္ဍ (မွန်ထရီရယ်စာချုပ်ကို လိုက်နာ၊ အိုဇုန်းလွှာကို ထိန်းသိမ်းကာ ရာသီဥတုပြောင်းလဲမှုကို လျှော့ချပါ) -ကာတွန်းကဏ္ဍ – အောက်တိုဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၂)၊ အမှတ် (၈) ထုတ်ပြန်ခြင်း (၁ အောက်တိုဘာလ ၂၀၂၃) Read More »