အမျိုးသားညီညွတ်ရေးအစိုးရ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များ တွေ့ဆုံသည့် အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့၊ နေ့လယ် (၂း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းစောဖူးတို့က အစည်းအဝး အဖွင့်နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြာခဲ့ပြီး၊ ခရိုင် (၁၀)ခရိုင်ရှိ မြို့နယ် (၂၆) မြို့နယ်တို့မှ ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တက်ရောက်လာကြသည့် ခရိုင်သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ် အဖွဲ့ တို့မှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရ သည့် စိန်ခေါ်မှုများကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် တကွ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မေးခွန်းများဖြေကြားခြင်းနှင့် စုပေါင်းဝိုင်းဝန်း ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းစောဖူးတို့က နိဂုံးချုပ်အမှာစကားများ ပြောကြား၍ အစည်း အဝေးကို ညနေ (၅း၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ