News

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်၍ “Training Program on Environmental Impacts of Mining” အွန်လိုင်းသင်တန်း ကျင်းပ

အမျိုးသားညီညွှတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က ဦးဆောင်ကျင်းပသည့် “Training Program on Environmental Impacts of Mining” အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ  (၁၄) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးတို့က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ “Training Program on Environmental Impacts of Mining” အွန်လိုင်းသင်တန်းကို ပြင်ပပညာရှင်များက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်သယံဇာတ တာဝန်ခံများနှင့် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားကြသည့် ကျောင်းသား၊ ကျောင်းသူများ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဦးဆောင်၍ “Training Program on Environmental Impacts of Mining” အွန်လိုင်းသင်တန်း ကျင်းပ Read More »

သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

သယံဇာတများအတွက် အခွန်ဘဏ္ဍာမူဝါဒများ ညှိနှိုင်းရေး၊ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) မှ ကြီးမှူး၍ “သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ၄-၂-၂၀၂၅ ရက်နေ့နှင့် ၅-၂-၂၀၂၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများအပါအဝင် NAB-NR အဖွဲ့ဝင် ဝန်ကြီးဌာနများဖြစ်သည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ စုစုပေါင်း ၃၄ ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

သယံဇာတကဏ္ဍ အခွန်ဘဏ္ဍာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း Read More »

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းခရိုင် သယံဇာတ တာဝန်ခံ၊ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တို့ ပူးပေါင်းပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၄) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး ကျောင်းသား/သူ (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ ကျောင်းများအတွက် ရန်ပုံငွေများ လှူဒါန်းပေးအပ်ခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၅) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့  အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်- အကြမ်းဖက်စစ်အုပ်စု အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီးတော့ ပြည်သူတရပ်လုံးအနေနဲ့

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၅) အစည်းအဝေးကျင်းပခြင်း Read More »

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းခရိုင် သယံဇာတ တာဝန်ခံ၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြောင်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့ ပူးပေါင်းပြီး မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး ကျောင်းသား/သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။ ကျောင်းသား/သူများအတွက် စာရေး ကိရိယာများ လှူဒါန်းပေးအပ်ခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်- ကြားကာလအတွင်း ပြည်သူများသည် အလုပ်အကိုင် ရှားပါးလာမှုကြောင့် သယံဇာတ အပေါ်မှီခိုအားထားရမှု ပိုမိုမြင့်တက်လာသည်ဖြစ်၍ ဒေသများနှင့် လိုက်လျောညီထွေ ဖြစ် စေမည့် ရှင်းလင်းလွယ်ကူသည့်

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ  (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့်ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင်- “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။   တက်ရောက်လာသော မန္တလေးတိုင်းလွှတ်‌တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များကိုယ်စား လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးမြင့်အောင်မိုးမှ မန္တလေးတိုင်းအတွင်း မိမိတို့ တော်လှန်ရေးအင်အားစုများမှ စိုးမိုးထိန်းချုပ်ထားသောနေရာများတွင် သယံဇာတ၊ သစ်တော နှင့် ပတ်သက်ပြီး အခွန်၊ ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများသိရှိဆောင်ရွက်လိုသည့် အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ဦးစွာ ဆွေးနွေးတင်ပြခဲ့ပါသည်။   တက်ရောက်လာသော လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ သိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ် တွေ့ဆုံ Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆/၂၀၂၄) အစည်းအဝေး ပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့်ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီး

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၆ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။   ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ သဘာဝသယံဇာတကဏ္ဍသည်

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »