၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းခရိုင် သယံဇာတ တာဝန်ခံ၊ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တို့ ပူးပေါင်းပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၄) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး ကျောင်းသား/သူ (၂၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ ကျောင်းများအတွက် ရန်ပုံငွေများ လှူဒါန်းပေးအပ်ခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ