ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် “ကမ္ဘာ့ရေဝပ်ဒေသများနေ့” ဖြစ်ပါသည်။ ရေဝပ်ဒေသများသည် လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် အဓိကကျသော ဝန်ဆောင်မှုများဖြစ်သည့်-

  • ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှု၊
  • ရေအရင်းအမြစ် ထိန်းညှိခြင်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊
  • ကာဗွန်စုပ်ယူမှု၊
  • အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလှုံရေး၊
  • ယဥ်ကျေးမှုနှင့် အပန်းဖြေမှုတန်ဖိုး စသည့် အကျိုးကျေးဇူးများစွာကို ပေးဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသည် (၁) စိုက်ပျိုးမြေနှင့် ငါး ပုစွန်မွေးမြူရေးကန်များ ချဲ့ထွင်ခြင်း၊ (၂) သစ်တော ပြုန်းတီးမှုနှင့် ဒီရေတောများဆုံးရှုံးခြင်း၊ (၃) စက်မှုလက်မှုလုပ်ငန်းနှင့်  ညစ်ညမ်းမှုအမျိုးမျိုး၊ (၄) ရာသီဥတုပြောင်းလဲမှု၊ (၅) စနစ်ကျနမှု အားနည်းသော အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် အဓိကခြိမ်းခြောက် မှုများကို ပြင်းထန်စွာ ရင်ဆိုင်နေရပါသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူ့အာဏာကို တရားမဝင် အကြမ်းဖက် အာဏာသိမ်းခံရမှုကြောင့် တနိုင်ငံလုံး မတည်မငြိမ် ဖြစ်ခဲ့ရပြီး ရေဝပ်ဒေသများ ထိန်းသိမ်းရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အကန့်အသတ်နှင့် စိန်ခေါ်မှုများစွာရှိနေသော်လည်း အနာဂတ်မျိုးဆက် လူသားများအတွက် စုပေါင်းအားဖြင့်  မဖြစ်မနေ ကြိုးစားကာကွယ် ထိန်းသိမ်းရမည်သာဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်ရင်း-

  • ကမ္ဘာ့ရေဝပ်ဒေသများနေ့ နောက်ခံအကြောင်းအရာ
  • လူသားမျိုးနွယ်နှင့် ဂေဟစနစ်များအတွက် ရေဝပ်ဒေသများ၏ အကျိုးကျေးဇူးများ
  • မြန်မာ့ရေဝပ်ဒေသ ထိန်းသိမ်းရေး ကြိုးပမ်းမှုများ
  • မြန်မာ့ရေဝပ်ဒေသအတွက် ခြိမ်းခြောက်မှုများ
  • ကျွန်ုပ်တို့၏ သန္နိဌာန် စသည့် အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။
အကြောင်းအရာအပြည့်အစုံဖတ်ရှုရန် – Download

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ