၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းခရိုင် သယံဇာတ တာဝန်ခံ၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြောင်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့ ပူးပေါင်းပြီး မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး ကျောင်းသား/သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။ ကျောင်းသား/သူများအတွက် စာရေး ကိရိယာများ လှူဒါန်းပေးအပ်ခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ