သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူး ဦးဆောင်၍ ယာယီထိန်းသိမ်းစောင့်ရှောက်ထားသည့် ပန်ဒါနီလေး ၉ ကောင်ကို သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) သို့ လွှဲပြောင်းပေးအပ်ခြင်း
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်မှုနယ်မြေ၊ အင်းတော်မြို့နယ်အတွင်း ပန်ဒါနီ ၉ ကောင်ကို တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ ဖမ်းဆီးရမိခဲ့ပြီး အင်းတော်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ထံ အပ်နှံခဲ့ရာ ဝန်ကြီးဌာနမှ လိုအပ်သည့် လမ်းညွှန်မှုများပေးပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါသည်။ဆက်လက်၍ သဘာဝအတိုင်း နေထိုင်ကျက်စားနိုင်မည့် နေရာသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပန်ဒါနီနေရင်းဒေသမှ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူး ဦးဆောင်၍ အဆိုပါ ယာယီထိန်းသိမ်းစောင့်ရှောက်ထားသည့် ပန်ဒါနီလေး ၉ ကောင်ကို ၎င်းတို့၏ မူရင်းဒေသနှင့် အနီးစပ်ဆုံး ဒေသများသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိထိန်းသိမ်းစေနိုင်ရေးအတွက် သင့်တော်သလို စီမံဆောင်ရွက်နိုင်ပါရန် သစ်တော နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization […]
