MONREC Zip

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၅) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့  အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်- အကြမ်းဖက်စစ်အုပ်စု အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ကစပြီးတော့ ပြည်သူတရပ်လုံးအနေနဲ့ […]

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၅) အစည်းအဝေးကျင်းပခြင်း Read More »

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကိုင်းခရိုင် သယံဇာတ တာဝန်ခံ၊ မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြောင်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ နှင့် စစ်ကိုင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့တို့ ပူးပေါင်းပြီး မြောင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃) ကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပခဲ့ပြီး ကျောင်းသား/သူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။ ကျောင်းသား/သူများအတွက် စာရေး ကိရိယာများ လှူဒါန်းပေးအပ်ခဲ့ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ကျင်းပခြင်း Read More »

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ (International Day of Clean Energy)

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့” ဖြစ်ပါသည်။ သန့်ရှင်းသောစွမ်းအင်ဆိုသည်မှာ သက်ရှိလူသားများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိသော (သို့) နည်းစေသော၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ဆိုလိုပါသည်။ သန့်ရှင်းသောစွမ်းအင်များအနေဖြင့် နေစွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်၊ ဘူမိအပူစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် သမုဒ္ဒရာစွမ်းအင်တို့ ပါဝင်ပြီး လူသားများနှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းလျက်ရှိပါသည်။ သန့်ရှင်းသောစွမ်းအင် စနစ်တခုသို့ ပြောင်းလဲနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး၊ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လွှတ်ရာ ရင်းမြစ်များဖြစ်သည့် စက်မှုဖွံဖြိုးပြီး နိုင်ငံများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ရေး၊ လှုပ်ရှားမှုများ မြှင့်တင်ရေးရည်ရွယ်၍ ဇန်နဝါရီလ ၂၆ ရက်နေ့ ကို “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့” အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ဖန်လုံအိမ်အာနိသင်

အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောစွမ်းအင်နေ့ (International Day of Clean Energy) Read More »

ကြေညာချက် (၂/၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၅) ၁၃၈၆ ခု၊ ပြာသိုလဆန်း (၈) ရက်နေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။   စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး CDM နိုင်ငံ့ဝန်ထမ်းဖြစ်သူ ဦးအရိန္ဒမာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ (၁၄:၀၀) နာရီခန့်အချိန်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်းကျေးရွာမှ (၂) ဖာလုံခန့် အကွာတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသည်။ ၂။   အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့သည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း၍ ဖြစ်စဉ်အမှုမှန်ပေါ်ပေါက်စေရန်နှင့် အမိန့် ပေးစေခိုင်းသူများ၊ ကျူးလွန်သူများအားလုံးကို ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက်

ကြေညာချက် (၂/၂၀၂၅) Read More »

ကြေညာချက် (၁/၂၀၂၅)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၁/၂၀၂၅) ၁၃၈၆ ခု၊ ပြာသိုလဆန်း (၆) ရက်နေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် ဝမ်းနည်းကြောင်းထုတ်ပြန်ကြေညာခြင်း ၁။   စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ (၁၄:၀၀) နာရီခန့်အချိန်တွင် ကောလင်းမြို့နယ်၊ ရွှေတွင်းကျေးရွာနှင့် ရှမ်းကလုံးကျေးရွာအစပ် ရွှေတွင်း ကျေးရွာမှ (၂) ဖာလုံခန့် အကွာတွင် မတရားသဖြင့် လုပ်ကြံခံခဲ့ရပါသည်။ ၂။   ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့ အတွင်းရေးမှူး ဦးအရိန္ဒမာ ကျဆုံးခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦးကို ဆုံးရှုံးရပြီး

ကြေညာချက် (၁/၂၀၂၅) Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၁၁) ထုတ်ပြန်ခြင်း (၃၁ ဒီဇင်ဘာလ ၂၀၂၄)

Previous slide Next slide -ဒီဇင်ဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု -ဒီဇင်ဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာသတင်းများ -ကဗျာကဏ္ဍ (အမှိုက်ဖြစ်သွားတဲ့ဘဝ) -ကာတွန်းကဏ္ဍ -ဇန်နဝါရီလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ သတင်းလွှာ အတွဲ(၃)၊ အမှတ်(၁၁)   Download

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၁၁) ထုတ်ပြန်ခြင်း (၃၁ ဒီဇင်ဘာလ ၂၀၂၄) Read More »

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day)

နိဒါန်း တောင်စဉ်တောင်တန်းများသည် ကမ္ဘာကုန်းမြေပြင်၏ (၂၀%) ကျော်ရှိကြောင်းနှင့် လူဦးရေ တစ် ဘီလျံကျော် နေထိုင်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင်မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Mountain Partnarship ၏ ထုတ်ပြန်ချက်အရ တောင်တန်းများသည် ကမ္ဘာမြေအတွက် ရေချိုအရင်းအမြစ်အားလုံး၏ (၆၀-၈၀) % ကို ဖြည့် ဆည်းပေးနေသည့် ကမ္ဘာ့ရေစင်ကြီးများ(Water Tower) ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့် သည် အသက်ရှင်သန်နေထိုင်ရန်အတွက် ရေချိုအရင်းအမြစ်သာမက အစားအစာနှင့် သန့်ရှင်း သော စွမ်းအင်များပါ ရရှိရေး တောင်ပေါ်ဂေဟစနစ်ဝန်ဆောင်မှုများပေါ်တွင် မှီခိုနေပါသည်။ ထို့အပြင် မတူကွဲပြားသော ဘာသာစကားများနှင့် မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ စုံလင်စွာရှိသည့် ဒေသခံပြည်သူများ နေထိုင်ရာဒေသများလည်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day) Read More »

ကမ္ဘာ့မြေဆီလွှာနေ့ (World Soil Day) (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်)

မြေဆီလွှာသည် ကမ္ဘာဂြိုလ်ရှိ သက်ရှိများအားလုံးအတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ ပေးလျက်ရှိပြီး ယင်းအရေးပါမှုကို တကမ္ဘာလုံးအတိုင်းအတာဖြင့် အလေးထား မြှင့်တင်နိုင်စေ ရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့မြေဆီလွှာနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းသည် ကမ္ဘာပေါ်ရှိ သဘာဝစနစ်တခုလုံးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားသော မိမိတို့မြန်မာနိုင်ငံအနေဖြင့် မြေဆီလွှာထိန်းသိမ်းရေးသည် နိုင်ငံသားတိုင်း၏ ပစ္စုပ္ပန်ကာလ ရှင်သန်မှုကို အဓိကအထောက်အပံ့ပေးရုံမျှမက နောင်မျိုးဆက်ပေါင်းများစွာအတွက်လည်း ရပ်တည်ရှင်သန်ကြီးထွားရန် အမွန်မြတ်ဆုံးသော အမွေပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ လူထုအနေဖြင့် တာဝန်သိသိ စေတနာရှိရှိဖြင့် ကမ္ဘာ့မြေဆီလွှာ ထိန်းသိမ်းစီမံအုပ်ချုပ်ရာတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ရင်း-    – ကမ္ဘာ့မြေဆီလွှာနေ့ ဖြစ်ပေါ်လာပုံ    – မြေဆီလွှာဖြစ်ပေါ်လာပုံအဆင့်ဆင့်    –

ကမ္ဘာ့မြေဆီလွှာနေ့ (World Soil Day) (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်) Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၁၀) ထုတ်ပြန်ခြင်း (၃၀ နိုဝင်ဘာလ ၂၀၂၄)

Previous slide Next slide -နိုဝင်ဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု -နိုဝင်ဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာသတင်းများ -ကဗျာကဏ္ဍ (အဓမ္မ၏အသုံးတော်ခံများ) -ကာတွန်းကဏ္ဍ -ဒီဇင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ သတင်းလွှာ အတွဲ(၃)၊ အမှတ်(၁၀)   Download

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၁၀) ထုတ်ပြန်ခြင်း (၃၀ နိုဝင်ဘာလ ၂၀၂၄) Read More »

“ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့” (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်)

နောက်ခံသမိုင်း ​၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ (၅)ရက်နေ့ကို ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့ (World Tsunami Awareness Day) အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများအား ဆူနာမီနှင့် ပတ် သက်သော အသိပညာများ မြှင့်တင်ရေးနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးတို့အတွက် တီထွင်ဆန်းသစ်သော နည်းလမ်းများကို မျှဝေရန် တောင်းဆိုခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့ ဦးတည်ချက်မှာ “နှစ်(၂၀) မြောက် အိန္ဒိယသမုဒ္ဒရာ ဆူနာမီအထိမ်းအမှတ်အဖြစ် ယင်းမှ လေ့လာသိရှိခဲ့မှုများကို ကလေးသူငယ်များနှင့် လူငယ်မျိုး ဆက်သစ်များထံ ပေးပို့ခြင်း” (commemorating the 20th Anniversary of

“ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့” (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) Read More »