မြေဆီလွှာသည် ကမ္ဘာဂြိုလ်ရှိ သက်ရှိများအားလုံးအတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ ပေးလျက်ရှိပြီး ယင်းအရေးပါမှုကို တကမ္ဘာလုံးအတိုင်းအတာဖြင့် အလေးထား မြှင့်တင်နိုင်စေ ရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့မြေဆီလွှာနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
ကမ္ဘာ့မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းသည် ကမ္ဘာပေါ်ရှိ သဘာဝစနစ်တခုလုံးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားသော မိမိတို့မြန်မာနိုင်ငံအနေဖြင့် မြေဆီလွှာထိန်းသိမ်းရေးသည် နိုင်ငံသားတိုင်း၏ ပစ္စုပ္ပန်ကာလ ရှင်သန်မှုကို အဓိကအထောက်အပံ့ပေးရုံမျှမက နောင်မျိုးဆက်ပေါင်းများစွာအတွက်လည်း ရပ်တည်ရှင်သန်ကြီးထွားရန် အမွန်မြတ်ဆုံးသော အမွေပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ လူထုအနေဖြင့် တာဝန်သိသိ စေတနာရှိရှိဖြင့် ကမ္ဘာ့မြေဆီလွှာ ထိန်းသိမ်းစီမံအုပ်ချုပ်ရာတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ရင်း-
– ကမ္ဘာ့မြေဆီလွှာနေ့ ဖြစ်ပေါ်လာပုံ
– မြေဆီလွှာဖြစ်ပေါ်လာပုံအဆင့်ဆင့်
– သစ်တောများ၏ အခန်းကဏ္ဍ
– မြေဆီလွှာပျက်စီးစေခြင်း အဓိကအကြောင်းရင်းများ
– မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးခြင်းလုပ်ငန်းများအကြောင်းကို ဖော်ပြလိုက်ရပါသည်။
အကြောင်းအရာအပြည့်အစုံကို အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
