KNOWLEDGE PRODUCTS

စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန်အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့

စစ်နှင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားစဥ် သဘာဝပတ်ဝန်းကျင်အပေါ် အလွန် အကျွံထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်းအထိမ်းအမှတ်နေ့ (International Day for Preventing the Exploitation of the Environment in War and Armed Conflict) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Download

Read More »

သဲကန္တာရဖြစ်ထွန်းခြင်း (Desertification)

သဲကန္တာရဖြစ်ထွန်းခြင်းဆိုသည်မှာ ပူပြင်းခြောက်သွေ့သည့် နေရာဒေသများ၊ အလယ်အလတ် ပူပြင်းခြောက်သွေ့သည့် နေရာဒေသများနှင့် ခြောက်သွေ့စိုစွတ်သော နေရာဒေသများတို့တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာအရည် အသွေး ကျဆင်းခြင်းဖြစ်စဥ်ကို ခေါ်ဆိုကြောင်း ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး  ကွန်ဗင်းရှင်းက အနက်ဖွင့်ဆိုထားပါသည်။ ကမ္ဘာမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းသည် သဲကန္တာရဖြစ်ထွန်းခြင်းနှင့် ကြုံတွေ့ရလျက်ရှိပြီး စိုက်ပျိုးမြေ အလွန်အကျွံချဲ့ထွင်ခြင်း၊ စားကျက်ချခြင်းနှင့် သစ်တောများ ပြုန်းတီးခြင်း စသည့် လုပ်ရပ်များကြောင့် သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်ပါသည်။ အပူပိုင်းဒေသမျိုးရင်းအပင်များ  ပြုစုထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ ကောင်းမွန်သည့် စိုက်ပျိုး နည်းစနစ်များကို အသုံးချခြင်းနှင့် ရေသယံဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲခြင်းစသည့် အပူပိုင်း‌ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းခြင်းကို တိုက်ဖျက်တားဆီးနိုင်ပါကြောင်း မျှဝေအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Read More »

“သတ္တုတူးဖော်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲ”

·     သတ္တုတူးဖော်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကိုပါ ယှဉ်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ·     သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ်အတွင်းသာမက သတ္တုတူးဖော်ရေးလုပ်ငန်း ပိတ်သိမ်းရာတွင်လည်း ဇီဝမျိုးစုံမျိုးကွဲများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်/ ဂေဟ စနစ် အနေအထားဖြစ်စေရန် အစီအမံများ ချမှတ်ရေးဆွဲထားရှိရန် အရေးကြီးကြောင်း၊ ·     သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်အတူ ယှဥ်တွဲဆောင်ရွက်ခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် ရည်မှန်းချက်အစီအမံများ ချမှတ်ထားရှိရန် လိုအပ်ကြောင်း၊ ·  သတ္တုတူးဖော်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်နိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီး အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း၊ သတ္တုတူးဖော်မှုကြောင့် ပျက်စီးသွားသည့်နေရာများအား ပြန်လည်အစားထိုး ဂေဟစနစ်စိုက်ခင်းများ တည်ထောင်ခြင်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ထိခိုက်သွားသည့်နေရာအား အစား ထိုးအနေဖြင့် အခြားနေရာများတွင် သဘာဝပတ်ဝန်းကျင်နှင့်

Read More »

ဆည်တည်ဆောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များ (အပိုင်း-၂)

ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများမှာ – (၁) ဆည်အထက်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများ ရှေးဟောင်းအမွေအနှစ်များ ပျောက်ဆုံး ဆုံးရှုံးသွားနိုင်မှု၊ မြေအောက်ရေစီးဆင်းမှုစနစ်ကို ထိခိုက်နှေးကွေးသွားနိုင်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ နေထိုင်ရာ ဘုံဌာနနှင့် ဂေဟစနစ်ပျက်စီးခြင်း၊ (၂) ဆည်အောက်ပိုင်းတွင် ဖြစ်ပေါ်စေနိုင်သော ဆိုးကျိုးများ သဘာဝမြစ်ရေကြီးမှုနှင့် ရေဖုံးလွှမ်းတတ်မှုအခြေအနေ ပြောင်းလဲစေခြင်း၊ ရေစီးဆင်းမှု ပြောင်းလဲမှုနှင့် လျော့နည်းသွားမှု၊ မြစ်ရေဓာတ်သဘာဝလက္ခဏာ အရည်အသွေး ပြောင်းလဲနိုင်ခြင်း၊ (၃) လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆည်တည်ဆောက်ခြင်းကြောင့် ပေါ်ထွက်လာသော အပြည်ပြည်ဆိုင်ရာ ပြဿနာ၊ (၄) ဆည်တည်ဆောက်ချိန်ကာလ ဆည်နေရာတွင် ဖြစ်ပေါ်တတ်သော ဆိုးကျိုး ရေ၏ စရိုက်လက္ခဏာပြောင်းလဲခြင်း၊ ယူထရိုဖီကေးရှင်းဖြစ်စဥ်များကြောင့် ရေ၏ အဆင့်အတန်းကို ညံ့ဖျင်းစေခြင်း၊ ဖုန်မှုန့်နှင့် ဆူညံသံများ၊ ရေထုညစ်ညမ်းမှု

Read More »
Let’s Change from a little (to help conserve environment)
Say ‘No’ to Plastic ( R 5 R)
Article on Introduction to Resource Federalism-1

ARTICLE ON INTRODUCTION TO RESOURCE FEDERALISM-2

Let’s nurture seed of federal democratic nation!
Nationally Determined Contributions 2020 (Executive Summary)

NATIONALLY DETERMINED CONTRIBUTIONS 2020 (Main report)

Status of Natural Resources Depletion during Military Regime
Reforming resources extraction industry for the benefits of the country
6 Month Progress Report
Preliminary Assessment of Flooded Regions in Myanmar in 2021