KNOWLEDGE PRODUCTS

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (International Mountain Day)
နိဒါန်း တောင်စဉ်တောင်တန်းများသည် ကမ္ဘာကုန်းမြေပြင်၏ (၂၀%) ကျော်ရှိကြောင်းနှင့် လူဦးရေ တစ် ဘီလျံကျော် နေထိုင်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင်မိတ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Mountain Partnarship ၏ ထုတ်ပြန်ချက်အရ တောင်တန်းများသည် ကမ္ဘာမြေအတွက် ရေချိုအရင်းအမြစ်အားလုံး၏ (၆၀-၈၀) % ကို ဖြည့် ဆည်းပေးနေသည့် ကမ္ဘာ့ရေစင်ကြီးများ(Water Tower) ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့် သည် အသက်ရှင်သန်နေထိုင်ရန်အတွက် ရေချိုအရင်းအမြစ်သာမက အစားအစာနှင့် သန့်ရှင်း သော စွမ်းအင်များပါ ရရှိရေး တောင်ပေါ်ဂေဟစနစ်ဝန်ဆောင်မှုများပေါ်တွင် မှီခိုနေပါသည်။ ထို့အပြင် မတူကွဲပြားသော ဘာသာစကားများနှင့် မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ စုံလင်စွာရှိသည့် ဒေသခံပြည်သူများ နေထိုင်ရာဒေသများလည်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတောင်တန်းများနေ့ ၂၀၀၂ ခုနှစ်၊

ကမ္ဘာ့မြေဆီလွှာနေ့ (World Soil Day) (၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်)
မြေဆီလွှာသည် ကမ္ဘာဂြိုလ်ရှိ သက်ရှိများအားလုံးအတွက် အကျိုးကျေးဇူးများစွာ ထောက်ပံ့ ပေးလျက်ရှိပြီး ယင်းအရေးပါမှုကို တကမ္ဘာလုံးအတိုင်းအတာဖြင့် အလေးထား မြှင့်တင်နိုင်စေ ရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့မြေဆီလွှာနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာ့မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းသည် ကမ္ဘာပေါ်ရှိ သဘာဝစနစ်တခုလုံးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားသော မိမိတို့မြန်မာနိုင်ငံအနေဖြင့် မြေဆီလွှာထိန်းသိမ်းရေးသည် နိုင်ငံသားတိုင်း၏ ပစ္စုပ္ပန်ကာလ ရှင်သန်မှုကို အဓိကအထောက်အပံ့ပေးရုံမျှမက နောင်မျိုးဆက်ပေါင်းများစွာအတွက်လည်း ရပ်တည်ရှင်သန်ကြီးထွားရန် အမွန်မြတ်ဆုံးသော အမွေပင်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူ လူထုအနေဖြင့် တာဝန်သိသိ စေတနာရှိရှိဖြင့် ကမ္ဘာ့မြေဆီလွှာ ထိန်းသိမ်းစီမံအုပ်ချုပ်ရာတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ရင်း- – ကမ္ဘာ့မြေဆီလွှာနေ့ ဖြစ်ပေါ်လာပုံ

“ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့” (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်)
နောက်ခံသမိုင်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ (၅)ရက်နေ့ကို ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့ (World Tsunami Awareness Day) အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများအား ဆူနာမီနှင့် ပတ် သက်သော အသိပညာများ မြှင့်တင်ရေးနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချ ရေးတို့အတွက် တီထွင်ဆန်းသစ်သော နည်းလမ်းများကို မျှဝေရန် တောင်းဆိုခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ဆူနာမီ အသိပညာပေးရေးနေ့ ဦးတည်ချက်မှာ “နှစ်(၂၀) မြောက် အိန္ဒိယသမုဒ္ဒရာ ဆူနာမီအထိမ်းအမှတ်အဖြစ် ယင်းမှ လေ့လာသိရှိခဲ့မှုများကို ကလေးသူငယ်များနှင့် လူငယ်မျိုး ဆက်သစ်များထံ ပေးပို့ခြင်း”

“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” (အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်)
“ကြံ့ခိုင်လှပ အနာဂတ်ဘဝ၊ မျိုးဆက်သစ်စွမ်းအား မြှင့်တင်ကြ” နှစ်စဥ် အောက်တိုဘာလ (၁၃) ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ ဆောင်ပုဒ်မှာ “ကြံ့ခိုင်လှပ အနာဂတ်ဘဝ၊ မျိုးဆက် သစ်စွမ်းအား မြှင့်တင်ကြ” (“Empowering the next generation for a resilient future”) ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းမြို့၌ ကျင်းပခဲ့သော တတိယအကြိမ်မြောက် သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သဘာဝဘေး အန္တရာယ်များ၏ သက်ရောက်မှုများသည် ဒေသန္တရအဆင့်တွင် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနိုင်ခြေရှိမှု၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေများ
