KNOWLEDGE PRODUCTS

IBHA Natural Heritage Sites
ပညာရေးဆောင်းပါး အမှတ် (၁၄) “မြန်မာနိုင်ငံရှိ သဘာဝအမွေအနှစ် နယ်မြေများ” ကို အောက်တွင် ဒေါင်းလုဒ်ရယူဖတ်ရှုနိုင်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download

ဒေသခံပြည်သူအစုအဖွဲ့ထိန်းသိမ်းရေးနယ်မြေ (CCA/ICCAs) အပိုင်း (၂)
အပိုင်း (၂) တွင် ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များ ထိန်းသိမ်းသောနယ်မြေများ ဖြစ်ပေါ်လာစေ သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူဆွေးနွေးချက်အချို့ကို တင်ပြထားသည်။ ဆက်လက်၍ ဒေသခံပြည်သူအစုအဖွဲ့ ထိန်းသိမ်းရေးနယ်မြေ၏ အဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ IUCN သတ် မှတ်ထားသည့် ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့ထိန်းသိမ်းရေးနယ်မြေ အမျိုးအစား (၆) ခုအ ကြောင်း၊ ICCA–Consortium အဖွဲ့ဝင်ခြင်းအားဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများအကြောင်းကို မျှဝေထားပါသည်။ အနာဂတ်ကာလအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများအနေဖြင့် ၁) မိမိတို့ဒေသဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်းနှင့် လိုအပ်ချက်များကို စာရင်းကောက်ယူခြင်း၊ ၂) နယ်မြေပိုင်ဆိုင်မှုနှင့် အခွင့်အရေးများကို အများသဘောတူ သတ်မှတ်ခြင်း၊ ၃) ဥပဒေအထောက်အပံ့များ ရယူခြင်းနှင့် ဒေသအခြေအနေနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်း၊

ဒေသခံပြည်သူအစုအဖွဲ့ထိန်းသိမ်းရေးနယ်မြေ (CCA/ICCAs)
မြန်မာနိုင်ငံရှိ ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များ၊ ၎င်းတို့နေထိုင်ရာ အနီးအနားကနယ်မြေ (Territory) များသည် သဘာဝသယံဇာတ ပေါကြွယ်ဝရာဒေသများဖြစ်ကြပြီး ဒေသခံတိုင်းရင်းသားတို့ အတွက် စားဝတ်နေရေးနှင့် အသက်ရှင်နေထိုင်မှုပြုရာ ဘဝအခြေခံအုတ်မြစ်ဖြစ်သည်သာမက၊ ၎င်းတို့၏ မိရိုးဖလာ ယဉ်ကျေးမှု စတင်ရာ၊ သမိုင်းအထောက်အထားများ တည်ရှိရာ၊ ဘိုးဘွားအမွေ အနှစ်နှင့် အထွဋ်အမြတ်ထားရာ အိမ် (Home of life) ဖြစ်ပါသည်။ ဒေသခံတိုင်းရင်းသား ပြည်သူအစုအဖွဲ့များနှင့် ၎င်းတို့၏နယ်မြေများမှာ ခွဲခြားလို့ မရအောင် အတူတကွ စည်းနှောင်ထားရှိပြီး ပြည်သူအစုအဖွဲ့များသည် အဆိုပါ နယ်မြေဆိုင်ရာခံစားခွင့်များအပေါ် မူရင်းပိုင်ရှင် များ ဖြစ်ပါသည်။ ၎င်းအပြင် ဒေသခံတိုင်းရင်းသားများ၏ သိမြင်နားလည်မှု/ဗဟုသုတ (Indigenous Knowledge) သည် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်များ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်

ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း
ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်နည်းတူ တစ်ဖက်တွင်လည်း ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ သဘာဝအရသော်လည်းကောင်း လူတို၏ ပယောဂကြောင့်သော်လည်းကောင်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်များ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ဖြစ်ပွားစေ သည်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကမ္ဘာ့နိုင်ငံများသာမက မြန်မာနိုင်ငံတွင်လည်း လက်ရှိခံစားရလျက်ရှိပြီး ယခုနှစ် နွေရာသီတွင် အပူချိန်ပိုမိုမြင့်တက်ခြင်းကို ကြုံတွေ့ခံစားခဲ့ကြရခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရာသီဥတုပြောင်းလဲမှုလျှာ့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းတို့ ပါဝင်ပါသည်။ ယနေ့ခေတ်အချိန်အခါတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ရင်ဆိုင်ကြုံတွေ့လာရသည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းများကို မိမိကိုယ်တိုင် လိုက်နာ ဆောင်ရွက်ခြင်း၊ အခြားသူများကို ပြန်လည်ဝေငှခြင်း၊ အသိပေးခြင်းတို့ဖြင့် ရာသီဥတုပြောင်းလဲမှုကို တတ်နိုင်သမျှ တွန်းလှန်နိုင်ကြပါစေလို့ တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Download
