KNOWLEDGE PRODUCTS

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်)

“ငှက်များအား ထိန်းသိမ်းကာကွယ်ရေး အင်းဆက်များအား ကြိုတင်ကာကွယ်ပေး” ကမ္ဘာပေါ်တွင် သားငှက်တိရစ္ဆာန်များစွာရှိသည့်အနက် ငှက်များသည် ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားထိန်းချုပ်ခြင်းတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်။ ငှက်များအနက် ဆောင်းခိုငှက်များသည် ၎င်းတို့အစာစားရန်၊ သားပေါက်ရန်နှင့် ယင်းသားပေါက်များကို ပြုစုစောင့်ရှောက်ရန်တို့အတွက် အကောင်းမွန်ဆုံးဂေဟစနစ်ရှိရာ ကျက်စားဒေသများသို့ ကီလိုမီတာ ရာပေါင်း၊ ထောင်ပေါင်းများစွာ ပျံသန်းပြောင်းရွှေ့‌လေ့ရှိကြပြီး ငှက်သားပေါက်သည့်နေရာရှိ ဂေဟစနစ်များသည် ၎င်းတို့အတွက် သင့်တော်ကောင်းမွန်မှု မရှိတော့သည့်အခါများတွင် ပိုမိုကောင်းမွန်သည့် ဒေသများသို့ ထပ်မံပျံသန်း ပြောင်းရွှေ့ကြသည့် ငှက်များဖြစ်သည်။ ယင်းသို့ ပျံသန်းကြရာတွင် ကမ္ဘာ့မြောက်ပိုင်းရှိ သားပေါက်သည့် နေရာများမှ တောင်ပိုင်းဒေသများရှိ ဆောင်းခိုသည့် ဒေသများသို့ ပြောင်းရွှေ့ပျံသန်းခြင်း၊ အာဖရိကတောင်ပိုင်းဒေသများတွင် သားပေါက်ပြီး မြောက်ပိုင်းရှိ ဆောင်းခိုသည့်ဒေသများ သို့မဟုတ် ကမ်းရိုးတန်းရာသီဥတုရှိသည့် ဒေသများသို့

Read More »

“အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ”

အယ်လ်နီညိုဆိုသည်မှာ အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ၏ အပူပိုင်းဒေသရှိ သမုဒ္ဒရာမျက်နှာပြင်နှင့် လေထုအကြား အပြန်အလှန်သက်ရောက်မှုကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်း၊ သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ချေ နည်းပါးလာခြင်း၊ ပြင်းထန် သော မုန်တိုင်းများကျရောက်ခြင်း၊ ရေကြီးခြင်း၊ မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားခြင်း၊ ရေချိုသောက်သုံးရေများ ရှားပါးလာခြင်းနှင့်အတူ များစွာသော ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အယ်လ်နီညိုရာသီဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းလာခြင်း၊ ဆောင်းကာလ အအေးပေါ့ခြင်း၊ နွေရာသီ ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ဖြစ်ပေါ်ပြီး အယ်လ်နီညိုအားပြင်းမှု၊ အားပျော့မှုအပေါ်မူတည်၍ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေး လုပ်ဆောင်ချက်များအပါအဝင် “အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ” ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Read More »

ကမ္ဘာ့ရေအရင်းအမြစ်များနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်)

“ငြိမ်းချမ်းရေးအတွက် ရေအရင်းအမြစ်” သန့်ရှင်းသော သောက်သုံးရေများကို သုံးစွဲခွင့်သည် လူ့အခွင့်အရေးတစ်ခုဖြစ်သည်။ သို့သော် လူပေါင်း ၂.၂ ဘီလီယံခန့်သည် သန့်ရှင်း၍ စိတ်ချရသော သောက်သုံးရေများကို သုံးစွဲခွင့်မရဘဲ ၎င်းတို့၏ လူမှုဘဝများကို ဖြတ်သန်းနေထိုင်နေကြရသည်။ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် အနည်းဆုံး နှစ်တစ်နှစ်၏ အချိန်အပိုင်းအခြားတစ်ခုတွင် အလွန်အမင်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရသည်။ ရေနှင့်ဆက်စပ်သည့် ဘေးဒဏ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်အတွင်း သဘာဝဘေးဒဏ်စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိပြီး သဘာဝဘေးဒဏ်ကြောင့် သေဆုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည်။ ရေအရင်းအမြစ်သည် ရာသီဥတု၊ လူမှုဘဝနှင့် ပတ်ဝန်းကျင်အကြား အရေးကြီးသည့် ဆက်နွယ်ချက်တစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေစွာရှိစေရေး အဓိကဗဟိုချက်တစ်ခုဖြစ်သည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ရေအရင်းအမြစ်သည် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းနှင့်

Read More »

အပြည်ပြည်ဆိုင်ရာ တောင်တန်းများနေ့ (၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်)

“တောင်တန်းဒေသ ဂေဟစနစ်များကို ပြန်လည်တည်ထောင်ခြင်း” တောင်တန်းဒေသများသည် ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၇ ရာခိုင်နှုန်းခန့်ရှိပြီး လူသား များ အမြတ်တနိုးတန်ဖိုးထားသင့်သည့် သဘာဝအဖိုးတန်ရတနာများ ဖြစ်သည်။ တောင်တန်း ဒေသများသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ၏ တစ်ဝက် ခန့်တို့ မှီခိုရာဒေသ၊ မတူကွဲပြားသော ဘာသာစကားများနှင့် ယဉ်ကျေးမှု မိရိုးဖလာဓလေ့ ထုံးထမ်းများ စုံလင်စွာရှိသည့် ဒေသခံပြည်သူများ နေထိုင်ရာဒေသဖြစ်သည်။ တောင်တန်း ဂေဟစနစ်များသည် လူဦးရေတစ်ဝက်ခန့်၏ နေ့စဉ်ဘဝရှင်သန် နေထိုင်နိုင်ရန်နှင့် စိုက်ပျိုး ရေးကဏ္ဍရေရှည်တည်တံ့ရန်တို့အတွက် ရေချိုသယံဇာတ ထောက်ပံ့ပေးသည့်အပြင် စွမ်းအင် နှင့် ဆေးဝါးများကိုပါ ထောက်ပံ့ပေးသည်။ ထို့ပြင် ကမ္ဘာ့ပေါ်ရှိအစားအစာများ၏ ၈၀ ရာခိုင် နှုန်းကို ထောက်ပံ့ပေးသော အပင်မျိုးစိတ်ပေါင်း ၂၀

Read More »
Let’s Change from a little (to help conserve environment)
Say ‘No’ to Plastic ( R 5 R)
Article on Introduction to Resource Federalism-1

ARTICLE ON INTRODUCTION TO RESOURCE FEDERALISM-2

Let’s nurture seed of federal democratic nation!
Nationally Determined Contributions 2020 (Executive Summary)

NATIONALLY DETERMINED CONTRIBUTIONS 2020 (Main report)

Status of Natural Resources Depletion during Military Regime
Reforming resources extraction industry for the benefits of the country
6 Month Progress Report
Preliminary Assessment of Flooded Regions in Myanmar in 2021