ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်း

ယနေ့ကမ္ဘာကြီးသည် အချိန်နှင့်အမျှ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့်နည်းတူ တစ်ဖက်တွင်လည်း  ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

သဘာဝအရသော်လည်းကောင်း လူတို၏ ပယောဂကြောင့်သော်လည်းကောင်း ရာသီဥတုပြောင်းလဲမှု ဖြစ်စဥ်များ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် အမျိုးမျိုးသော ဘေးအန္တရာယ်များကို ဖြစ်ပွားစေ သည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကမ္ဘာ့နိုင်ငံများသာမက မြန်မာနိုင်ငံတွင်လည်း လက်ရှိခံစားရလျက်ရှိပြီး ယခုနှစ် နွေရာသီတွင် အပူချိန်ပိုမိုမြင့်တက်ခြင်းကို ကြုံတွေ့ခံစားခဲ့ကြရခြင်းဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ရာသီဥတုပြောင်းလဲမှုလျှာ့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းတို့ ပါဝင်ပါသည်။

ယနေ့ခေတ်အချိန်အခါတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ရင်ဆိုင်ကြုံတွေ့လာရသည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနှင့် လိုက်လျောညီထွေ နေထိုင်ခြင်းများကို မိမိကိုယ်တိုင် လိုက်နာ ဆောင်ရွက်ခြင်း၊ အခြားသူများကို ပြန်လည်ဝေငှခြင်း၊ အသိပေးခြင်းတို့ဖြင့် ရာသီဥတုပြောင်းလဲမှုကို တတ်နိုင်သမျှ တွန်းလှန်နိုင်ကြပါစေလို့ တိုက်တွန်းရေးသားဖော်ပြအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ