သဲကန္တာရဖြစ်ထွန်းခြင်း (Desertification)

သဲကန္တာရဖြစ်ထွန်းခြင်းဆိုသည်မှာ ပူပြင်းခြောက်သွေ့သည့် နေရာဒေသများ၊ အလယ်အလတ် ပူပြင်းခြောက်သွေ့သည့် နေရာဒေသများနှင့် ခြောက်သွေ့စိုစွတ်သော နေရာဒေသများတို့တွင် ရာသီဥတုပြောင်းလဲခြင်းနှင့် လူသားတို့၏ လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာအရည် အသွေး ကျဆင်းခြင်းဖြစ်စဥ်ကို ခေါ်ဆိုကြောင်း ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေး  ကွန်ဗင်းရှင်းက အနက်ဖွင့်ဆိုထားပါသည်။

ကမ္ဘာမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းသည် သဲကန္တာရဖြစ်ထွန်းခြင်းနှင့် ကြုံတွေ့ရလျက်ရှိပြီး စိုက်ပျိုးမြေ အလွန်အကျွံချဲ့ထွင်ခြင်း၊ စားကျက်ချခြင်းနှင့် သစ်တောများ ပြုန်းတီးခြင်း စသည့် လုပ်ရပ်များကြောင့် သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်ပါသည်။

အပူပိုင်းဒေသမျိုးရင်းအပင်များ  ပြုစုထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ ကောင်းမွန်သည့် စိုက်ပျိုး နည်းစနစ်များကို အသုံးချခြင်းနှင့် ရေသယံဇာတများကို စနစ်တကျ ထုတ်ယူသုံးစွဲခြင်းစသည့် အပူပိုင်း‌ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းခြင်းကို တိုက်ဖျက်တားဆီးနိုင်ပါကြောင်း မျှဝေအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ