အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်သည် ၄-၅-၂၀၂၁ ရက်နေ့ ၁၇:၀၀ နာရီအချိန်တွင် ဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာအကြံပေးဌာနလုပ်ငန်းအဖွဲ့ဝင်များနှင့် အစည်းအဝေး ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသည့် ကြိုးပမ်းမှုများသည် နောက်တချိန်တွင် ကိုးကားစရာ နည်းနာ (model) တစ်ခုအဖြစ် ထင်ကျန်ရစ်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် တော်လှန်ရေးအသွင်ဆောင်သော လုပ်ငန်းစဉ်များဖြစ်ရန်လိုကြောင်း၊ ဦးစီးဌာန စုဖွဲ့မှုပုံစံအနေဖြင့် Coordination (စုပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း) ပုံစံမျိုးဖြင့် ညှိနှိုင်းအဖြေရှာရန်၊ Consensus (ဘုံသဘောတူညီချက်ရယူခြင်း) ပုံစံမျိုးဖြင့် ဝိုင်းဝန်းညှိနှိုင်းဆုံးဖြတ်ရန်ဖြစ်ကြောင်း၊ CDM ဝန်ထမ်းများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် ဌာနဆိုင်ရာ အကြီးအကဲများအား အရေးယူမည်ဖြစ်ကြောင်း၊ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများ၏ လစာနှင့် ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင်
(၁) ဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဌာနအလိုက် လုပ်ဆောင်သွားမည့် ကြားကာလလုပ်ငန်း စီမံချက် (Action Plan) များ အမြန်ဆုံးဖော်ဆောင်သွားရန်၊
(၂) CDM ဝန်ထမ်းများအား ဖိနှိပ်ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် သက်ဆိုင်ရာ ဌာနအကြီးအကဲ များအား အမြန်ဆုံး အရေးယူနိုင်ရေး ဆောင်ရွက်ရန် စသည်တို့ကိုဆုံးဖြတ်ခဲ့ပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
