အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လိုဂိုတံဆိပ်ရှင်းလင်းချက်
၁) ထာဝစဉ်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် သစ်တော၊ ရေသယံဇာတ၊ သတ္တုသယံဇာတနှင့်ပြည်သူများသည် တခုကိုတခုအမှီသဟဲပြုကာ အပြန်အလှန် စောင့်ရှောက်/အုပ်ချုပ်နေကြသော အဓိပ္ပါယ်ကို သစ်ရွက်လေးရွက်ပေါင်းစည်းသဏ္ဌာန် ပုံဖော်ထားပါသည်။ (အစိမ်းနုရောင်သစ်ရွက်သည် သစ်တောဖြစ်ပြီး၊ ဦးခေါင်းပုံပါသစ်ရွက်သည် ပြည်သူကိုယ်စားပြုကာ၊ အပြာရောင်မှာရေသယံဇာတ၊ အဝါရောင်မှာ သတ္တုသယံဇာတကိုဖော်ပြပါသည်။)
၂) အားလုံးစုပေါင်းဆောင်ရွက်မှုကြောင့် တိုင်းပြည်၏အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်လာသည်ဟူသော ရည်မှန်းချက်ကို ဂရပ်တိုင် ၃ ခုဖြင့် ဗဟိုပြုထားပါသည်။
၃) သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ ပြည်ထောင်စုဖက်ဒရယ်မူနှင့်အညီ ပြည်သူပါဝင်မှု၊ ပြည်သူဗဟိုပြုမှုကို အဓိပ္ပါယ်ဖော်ဆောင်သည့် လူ ၄ ယောက်ကလက်တွဲထားသောပုံစံအဖြစ် အပြင်ဝိုင်းတွင် ပုံဖော်ထား ပါသည်။
၄) ဘေးအနားရှိ ရွှေရောင်စည်းဝိုင်းမှာ အားလုံး၏အကျိုးစီးပွားကိုရှေးရှုကာ ထိန်းသိမ်းကာကွယ်မည် ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။
၅) လိုဂိုတံဆိပ်ပါအရောင်များမှာ အေးမြ၍စိမ်းလန်းသာယာဝပြောမှုကို အနက်ဆောင်လေသည်။
အထူးကျေးဇူးတင်လျှက် - Artist Yummy
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ
