ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့စည်းရုံးလှုံ့ဆော်ရေး

မိဘပြည်သူများခင်ဗျာ

ဇွန်လ(၅) ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ကမ္ဘာကြီးဖြစ်အောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာများ တိုးပွား လာအောင် နှစ်စဉ်နှစ်တိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်တဲ့ ဆောင်ပုဒ်များ သတ်မှတ်ပြီး ကမ္ဘာတစ်ဝှမ်းလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို တပြိုင်နက်တည်း ပြုလုပ်ကြတဲ့ နေ့ တစ်နေ့ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်သိမ်းရေးနေ့ ဆောင်ပုဒ်ကတော့ ‘ Reimagine, Recreate, Restore’ #Generationrestoration ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ယနေ့လူသားတွေဟာ သဘာဝဘေးအမျိုးမျိုး၊ ကပ်ရောဂါ အမျိုးမျိုးနဲ့ မလွဲမသွေ ရင်ဆိုင်နေကြရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက် နေ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာလုယူမှုကြောင့် အမိမြန်မာ နိုင်ငံတော်ကြီးကလည်း ဆင်းရဲဒုက္ခမျိုးစုံကို ကြုံတွေ့နေရပါတယ်။

ဒါကြောင့်မို့ ပျက်စီးယိုယွင်းနေတဲ့ ဂေဟစနစ်ကြီးအတွက်၊ ပျောက်ဆုံးသွားခဲ့တဲ့ ဒီမိုကရေစီအတွက် မိဘပြည်သူညီအကို မောင်နှမများရဲ့ တွဲလက်တွေနဲ့ ပြန်လည် ထုဆစ် ပုံဖော်လိုက်ကြရအောင်ပါ။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ရဲဘော်များနဲ့ လက်ရှိ တွန်းလှန်နေတဲ့ လူမျိုးဘာသာ အလွှာမျိုးစုံကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဇွန်လ(၅)ရက်နေ့မှာ ကြိုက်နှစ် သက်ရာ သစ်ပင်/ သီးပင်/ စားပင်/ ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးကြရင်း စစ်အာဏာရှင်ကို တွန်းလှန်ကြောင်း လူထုလှုပ်ရှားမှူ (Campaign) ကို မိဘပြည်သူများက ပူးပေါင်းပါဝင်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။ 

ဂေဟစနစ်ပြန်လည်ထူထောင်ခြင်းမှတဆင့်ဖက်ဒရယ်ဒီမိုကရေစီပြန်လည်ထူထောင်ရေး

#WorldEnvironmentDay2021
#Generationrestoration
#MyanmarSpringRevolution
#Greencampaign