အမျိုးသားညီညွှတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က ဦးဆောင်ကျင်းပသည့် “Training Program on Environmental Impacts of Mining” အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးတို့က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
“Training Program on Environmental Impacts of Mining” အွန်လိုင်းသင်တန်းကို ပြင်ပပညာရှင်များက ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်သယံဇာတ တာဝန်ခံများနှင့် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားကြသည့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ကြမည်ဖြစ်ပါသည်။
သင်တန်းတွင် ပညာရပ်ဆိုင်ရာ အထွေထွေဗဟုသုတများနှင့် သတ္တုတူးဖော်ရာတွင် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဆိုင်ရာများ ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက် သတ္တပတ် (၄) ပတ်မျှ ကြာမြင့်မည်ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
