“မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်မှုအခြေအနေ” ဆွေးနွေးပွဲကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ကြားကာလ ပြည်သူလူထုအသိပညာပေးလုပ်ငန်းရပ်အနေဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပလျက်ရှိရာ (၂၉-၅-၂၀၂၃) ရက်နေ့ (တနင်္လာနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင်   “မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာ့သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း နှင့်စပ်လျဥ်း၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံ၊ တော်လှန်ရေးကာလအတွင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်ခဲ့သည့် သာဓကများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဥ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာတို့မှ ဆွေးနွေးပြောကြားခဲ့ပြီး Moderator အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊  CDM ဝန်ထမ်းတစ်ဦးဖြစ်သည့် ပန်ထွာမှ ပါဝင်အားဖြည့် ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ Radio NUGPublic Voice Televisionမဇ္စျိမခေတ်သစ်မီဒီယာD-Day Channel နှင့် Kachin Waves သတင်းမီဒီယာများ၏ Facebook  စာမျက်နှာတို့တွင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသည်။