“ဇီဝမျိုးစုံမျိုးကွဲများ၊ ထိန်းသိမ်းရေးနှင့် ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ (အပိုင်း-၂)”

  • “ထိန်းသိမ်းကာကွယ်ခြင်း (Conservation)”

    ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းသည် ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ပြီး သက်ရှိများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလွန်အခြေခံကျသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊

    ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်းသည် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာလုပ်ငန်း များကို စဉ်ဆက်မပြတ် ရေရှည်တည်တံ့စေသော နည်းလမ်းများဖြင့် ထောက်ပံ့ပေးနိုင်ရုံသာမက ရာသီဥတုကိုပါ ထိန်းညှိပေးနိုင်ကြောင်း၊

    ဇီဝမျိုးစုံမျိုးကွဲများကို အောက်ပါနည်းလမ်း (၂) မျိုးဖြင့် ထိန်းသိမ်းကာကွယ်နိုင်ကြောင်း၊

    (၁) မူလအရင်းအမြစ်နေရာတွင် (သဘာဝအတိုင်း) ထိန်းသိမ်းကာကွယ်ခြင်း (In-situ Conservation)

          ဥပမာ – သဘာဝထိန်းသိမ်းရေးနယ်မြေများ

    (၂)  အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းကာ (တိရစ္ဆာန်ရုံများ၊ ရုက္ခဗေဒဥယျာဉ်များ တည်ထောင်၍) ထိန်းသိမ်းကာကွယ်ခြင်း (Ex-situ Conservation)

          ဥပမာ – ရုက္ခဗေဒဥယျာဉ်များ၊ တိရစ္ဆာန်ဥယျာဉ်များ ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ