- ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ဟု ခေါ်ဆိုရာတွင် မျိုးစိတ်များ ကွဲပြားမှု (Species Diversity)၊ မျိုးစိတ်များအတွင်း မျိုးရိုးဗီဇ ကွဲပြားမှု (Genetic Diversity) နှင့် ဂေဟစနစ်များ ကွဲပြားမှု (Ecosystem Diversity) တို့ ပါဝင်ကြောင်း၊
- မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် လိပ်ပြာမျိုးစိတ်ပေါင်း (၃၀၆)၊ ကုန်းနေရေနေသတ္တဝါ မျိုးစိတ်ပေါင်း (၁၅၀)၊ တွားသွားသတ္တဝါမျိုးစိတ်ပေါင်း (၂၀၀) ကျော်နှင့် အပင်မျိုးစိတ်ပေါင်း (၁၁,၈၀၀) ကျော် တွေ့ရှိရကြောင်း၊
- မျိုးရိုးဗီဇ ကွဲပြားမှုနှင့်စပ်လျဥ်း၍ ကွဲပြားမှု ကြီးမားလေ ၎င်းမျိုးစိတ် ရေရှည်ရှင်သန်နိုင်စွမ်း မြင့်မားလေဖြစ်ကြောင်း၊
- ဂေဟစနစ် ကွဲပြားမှုနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံတွင် ဂေဟစနစ် (၆၄) မျိုးရှိပြီး ၎င်းအနက် (၈) မျိုးမှာ မျိုးသုဥ်းလုနီးပါး အန္တရာယ်ရှိသော ဂေဟစနစ်များ၊ (၉) မျိုးမှာ မျိုးသုဥ်းရန် အန္တရာယ် ရှိသော ဂေဟစနစ်များ၊ (၁၂) မျိုးမှာ မျိုးသုဥ်းရန် အလားအလာရှိသော ဂေဟစနစ်များနှင့် (၂၈) မျိုးမှာ ခြိမ်းခြောက်ခံရလုနီးပါး အန္တရာယ်ရှိသော ဂေဟစနစ်များဖြစ်ကြောင်း။
