MONREC Zip

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေးပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ  ၁၈ ရက်နေ့တွင်လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် […]

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

“အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ”

အယ်လ်နီညိုဆိုသည်မှာ အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ၏ အပူပိုင်းဒေသရှိ သမုဒ္ဒရာမျက်နှာပြင်နှင့် လေထုအကြား အပြန်အလှန်သက်ရောက်မှုကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်း၊ သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ချေ နည်းပါးလာခြင်း၊ ပြင်းထန် သော မုန်တိုင်းများကျရောက်ခြင်း၊ ရေကြီးခြင်း၊ မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားခြင်း၊ ရေချိုသောက်သုံးရေများ ရှားပါးလာခြင်းနှင့်အတူ များစွာသော ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အယ်လ်နီညိုရာသီဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းလာခြင်း၊ ဆောင်းကာလ အအေးပေါ့ခြင်း၊ နွေရာသီ ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ဖြစ်ပေါ်ပြီး အယ်လ်နီညိုအားပြင်းမှု၊ အားပျော့မှုအပေါ်မူတည်၍ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေး လုပ်ဆောင်ချက်များအပါအဝင် “အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ” ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ FB Link – https://go.nugmyanmar.org/FB/Bulletin/I.1 သယံဇာတနှင့်

“အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ” Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၂) ထုတ်ပြန်ခြင်း (၃၁ မတ်လ ၂၀၂၄)

Previous slide Next slide -မတ်လအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – မတ်လအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (လူသားနှင့် ပတ်ဝန်းကျင်ကို နီးကပ်စေခြင်း – တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းကဏ္ဍ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်း) -ကဗျာကဏ္ဍ (ဒီမနက်ခြင်း) -ကာတွန်းကဏ္ဍ – ဧပြီလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၂) ထုတ်ပြန်ခြင်း (၃၁ မတ်လ ၂၀၂၄) Read More »

ကြေညာချက် (၂/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၂/၂၀၂၄) ၁၃၈၅ ခု၊ တပေါင်းလပြည့်ကျော် (၁) ရက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက် ၁။   အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာများ လျှောက်ထားနိုင်ပါသည်။ ၂။   လျှောက်ထားသူသည်- (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ ( ခ ) ဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် သင့်လျော်သော  ပညာအရည်အချင်းရှိရမည်။ ( ဂ ) ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။ (ဃ) အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။ ( င ) အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ( စ

ကြေညာချက် (၂/၂၀၂၄) Read More »

ကမ္ဘာ့ရေအရင်းအမြစ်များနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်)

“ငြိမ်းချမ်းရေးအတွက် ရေအရင်းအမြစ်” သန့်ရှင်းသော သောက်သုံးရေများကို သုံးစွဲခွင့်သည် လူ့အခွင့်အရေးတစ်ခုဖြစ်သည်။ သို့သော် လူပေါင်း ၂.၂ ဘီလီယံခန့်သည် သန့်ရှင်း၍ စိတ်ချရသော သောက်သုံးရေများကို သုံးစွဲခွင့်မရဘဲ ၎င်းတို့၏ လူမှုဘဝများကို ဖြတ်သန်းနေထိုင်နေကြရသည်။ ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် အနည်းဆုံး နှစ်တစ်နှစ်၏ အချိန်အပိုင်းအခြားတစ်ခုတွင် အလွန်အမင်း ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရသည်။ ရေနှင့်ဆက်စပ်သည့် ဘေးဒဏ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ခန့်အတွင်း သဘာဝဘေးဒဏ်စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိပြီး သဘာဝဘေးဒဏ်ကြောင့် သေဆုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်ရှိသည်။ ရေအရင်းအမြစ်သည် ရာသီဥတု၊ လူမှုဘဝနှင့် ပတ်ဝန်းကျင်အကြား အရေးကြီးသည့် ဆက်နွယ်ချက်တစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေစွာရှိစေရေး အဓိကဗဟိုချက်တစ်ခုဖြစ်သည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ရေအရင်းအမြစ်သည် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းနှင့် ဆင်းရဲခြင်းတို့ကို တိုက်ဖျက်ရန် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်။

ကမ္ဘာ့ရေအရင်းအမြစ်များနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်) Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများ အားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာ

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၁) ထုတ်ပြန်ခြင်း (၂၉ ဖေဖော်ဝါရီလ ၂၀၂၄)

Previous slide Next slide -ဖေဖော်ဝါရီလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – ဖယ်ဒရယ်သယံဇာတဆိုင်ရာ ပညာပေးအစီအစဉ်များ – ဖေဖော်ဝါရီလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ) -ကဗျာကဏ္ဍ (တောင်တန်းရှိုက်သံ) -ကာတွန်းကဏ္ဍ – မတ်လအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၁) ထုတ်ပြန်ခြင်း (၂၉ ဖေဖော်ဝါရီလ ၂၀၂၄) Read More »

ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအားအသိပေးချက်ထုတ်ပြန်ခြင်း

(၁)   ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအတွက် ကြားကာလ အမည်စာရင်း မှတ်ပုံတင်သွင်းရန် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၆) ရက်နေ့ ရက်စွဲဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏Facebook Page တွင် တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ (၂) အမည်စာရင်းမှတ်ပုံတင်ကာလမှာ ဇန်နဝါရီလ (၁) ရက်နေ့မှ မတ်လ (၃၁)နေ့အထိ ဖြစ် ပါသည်။ (၃) သတ်မှတ်ကာလအတွင်း အမည်စာရင်းမှတ်ပုံမတင်သော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအား ကြေညာချက်ပါ စည်းကမ်းချက်များဖြစ်သည့်အမည်ပျက်စာရင်းသွင်းခြင်း၊ အမည်ပျက်စာရင်းသွင်းထားသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများမှ ရေးသားထားသော အစီရင်ခံစာများကို အသိအမှတ်မပြုခြင်း စသည့် အပြစ်ပေးအရေးယူခြင်းများကို ခံရမည် ဖြစ်ပါသည်။ (၄)  သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယ ပုဂ္ဂိုလ်

ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တတိယပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအားအသိပေးချက်ထုတ်ပြန်ခြင်း Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်- “ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များနှင့် ရုံးအဖွဲ့သားများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းမင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ ဒီနေ့ကျင်းပတဲ့အစည်းအဝေးဟာ ၂၀၂၄ ခုနှစ်မှာ သစ်တောကဏ္ဍစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးဖြစ်ပါကြောင်း၊ တော်လှန်ရေးအဆုံးအဖြတ်အတွက် ပိုပြီး အားစိုက်ဆောင်ရွက်နေကြတဲ့

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

ကြေညာချက် (၁/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၁/၂၀၂၄) ၁၃၈၅ ခု၊ ပြာသိုလကွယ်နေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် အမည်ပျက်စာရင်းကြေညာခြင်း ၁။       အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၃-၈-၂၀၂၂ ရက်စွဲပါ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက်အမှတ် (၇/၂၀၂၂) ကို ထုတ်ပြန်၍ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေမည့် မည်သည့်ပူးပေါင်းမှုကိုမှ အသင်းအနေဖြင့် ဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ရန်နှင့် အသင်း၏ တရားဝင်မှု မရှိသော ၂၀၂၂-၂၀၂၅ ဆဋ္ဌမသက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များ ပြန်လည်ရွေးချယ်ပွဲအား အသိအမှတ် မပြုပါကြောင်း အသိပေးထုတ်ပြန်ပြီးဖြစ်သည်။ ၂။       အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၁၇-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃)

ကြေညာချက် (၁/၂၀၂၄) Read More »