အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်း ရန်ပုံငွေများနှင့် ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုများကို ဆင်ဦးစီးဝန်ထမ်းများ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများ ဝယ်ယူရန် ခွဲဝေထောက်ပံ့ခဲ့ပါသည်။
ယင်းလှူဒါန်းငွေများထဲမှ ဆင်များအတွက် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးဝယ်ယူခြင်း၊ မန်းဆေးနှင့် အကိုက်အခဲပျောက်ဆေးများ ဝယ်ယူခြင်း၊ ဆီးဆေးဝယ်ယူခြင်းနှင့် ဖြည့်စွက်စာ မန်ကျည်းသီးမှည့် ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆင်များအတွက် လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်းဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
