“Capacity building training on climate change and environmental conservation related issues under federal democratic Myanmar” သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

အနာဂါတ် ဖယ်ဒရယ် ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်စပ်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအတွက် လူငယ်မျိုးဆက်သစ် သင်တန်းသားများ ခေါ်ယူ သွားမည်ဖြစ်ပါသဖြင့် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါရန် အသိ ပေးကြေညာအပ်ပါသည်။

– အသက် ၂၅ နှစ်မှ ၃၅ နှစ်အတွင်း

– သက်ဆိုင်ရာ တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိပြီးသူများ

– ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနယ် ပယ်များတွင် အနည်းဆုံး လုပ်သက် (၁) နှစ် တာဝန်ထမ်းဆောင်ဖူးသူများ

– အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသော အထက်ပါ အရည်အချင်း များနှင့် ကိုက်ညီသူများ

– သင်တန်းပြီးစီးပါက ရာသီဥတုပြောင်းလဲခြင်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သင်တန်းများကို ပြန်လည်သင်တန်းပို့ချနိုင်သူများကို ဦးစားပေးပါမည်။

– လျှောက်ထားသူများသည် မြန်မာနိုင်ငံ၏ Constitutional and Democratic ဖြစ်စဉ်များကို သင်တန်းမစတင်မီ အချိန်ပေး လေ့လာနိုင်သူများဖြစ်ရပါမည်။ (Reading materials များနှင့် Website များကို ရွေးချယ်ခံရသူများထံ ဖြန့်ဝေသွားပါမည်)

သင်တန်းသား (၂၀) ဦး လက်ခံသွားပါမည်။ သင်တန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ မနက် ၉ နာရီမှ ၁၂ နာရီအထိနှင့် နေ့လယ် ၁:၃၀ နာရီမှ ၄:၃၀ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး အချိန်ပြည့် တက်ရောက်နိုင်ရပါမည်။

စိတ်ပါဝင်စားသူများအနေဖြင့်

https://forms.gle/DFPRGHwquT9HWUMZ7 တွင် ဝင်ရောက်ဖြည့်စွက်ပြီး အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။ (မိမိ၏ ကိုယ်ရေး ရာဇဝင် (CV) ပူးတွဲ လျှောက်ထားရပါမည်)

ရွေးချယ်ခံရသူများကို အောက်တိုဘာလ (၂၅) ရက်နေ့နောက်ဆုံးထား ဆက်သွယ်အကြောင်း ကြားပြီး သင်တန်းအသေးစိတ်အချက်အလက်များကို ဖြန့်ဝေသွားပါမည်။ ရွေးချယ်မခံရသူများ ထံ ဆက်သွယ်အကြောင်းကြားနိုင်မည်မဟုတ်ပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ