“ဇီဝမျိုးစုံမျိုးကွဲများ၊ ထိန်းသိမ်းရေးနှင့် ဖက်ဒရယ်စနစ်ရှိ အခွင့်အလမ်းများ (အပိုင်း-၁)”

  • ဇီဝမျိုးစုံမျိုးကွဲ (Biodiversity) ဟု ခေါ်ဆိုရာတွင် မျိုးစိတ်များ ကွဲပြားမှု (Species Diversity)၊ မျိုးစိတ်များအတွင်း မျိုးရိုးဗီဇ ကွဲပြားမှု (Genetic Diversity) နှင့် ဂေဟစနစ်များ ကွဲပြားမှု (Ecosystem Diversity) တို့ ပါဝင်ကြောင်း၊
  • မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် လိပ်ပြာမျိုးစိတ်ပေါင်း (၃၀၆)၊ ကုန်းနေရေနေသတ္တဝါ မျိုးစိတ်ပေါင်း (၁၅၀)၊ တွားသွားသတ္တဝါမျိုးစိတ်ပေါင်း (၂၀၀) ကျော်နှင့် အပင်မျိုးစိတ်ပေါင်း (၁၁,၈၀၀) ‌ကျော် တွေ့ရှိရကြောင်း၊
  • မျိုးရိုးဗီဇ ကွဲပြားမှုနှင့်စပ်လျဥ်း၍ ကွဲပြားမှု ကြီးမားလေ ၎င်းမျိုးစိတ် ရေရှည်ရှင်သန်နိုင်စွမ်း မြင့်မားလေဖြစ်ကြောင်း၊
  • ဂေဟစနစ် ကွဲပြားမှုနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံတွင် ဂေဟစနစ် (၆၄) မျိုးရှိပြီး ၎င်းအနက် (၈) မျိုးမှာ မျိုးသုဥ်းလုနီးပါး အန္တရာယ်ရှိသော ဂေဟစနစ်များ၊ (၉) မျိုးမှာ မျိုးသုဥ်းရန် အန္တရာယ် ရှိသော ဂေဟစနစ်များ၊ (၁၂) မျိုးမှာ မျိုးသုဥ်းရန် အလားအလာရှိသော ဂေဟစနစ်များနှင့် (၂၈) မျိုးမှာ ခြိမ်းခြောက်ခံရလုနီးပါး အန္တရာယ်ရှိသော ဂေဟစနစ်များဖြစ်ကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ