H.E. Dr. Tu Hkawng, Union Minister for Natural Resources and Environmental Conservation of the National Unity Government chaired a meeting with the Technical Advisory Taskforce on 6th May 2021
အစည်းအဝေးတွင် နည်းပညာအကြံပေးအဖွဲ့ဝင်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို တင်ပြခြင်း၊ CDM ဝန်ထမ်းများအတွက် Budget လျာထားချက်များပြုစုနိုင်ရေး အကြံပြုတင်ပြခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပညာရှင်များအား အဆိုပြုမိတ်ဆက်ခြင်း၊ CDM တွင်ပါဝင်သည့် ဝန်ထမ်းများအပေါ် စစ်ကောင်စီ လက်အောက်ခံဌာနများက ဖိအားပေးလုပ်ဆောင်မှုများတွင် တာဝန်ရှိသော အကြီးပိုင်းအရာရှိများကို အမြန်ဆုံးအရေးယူသွားနိုင်ရေးအပြင် NUG နှင့် သွေဖယ်၍ ဌာနအလိုက် တရားမဝင်ဆောင်ရွက်နေသည့် အခြားဆက်စပ်ကိစ္စရပ်များကိုပါ အရေးယူသွားရန်နှင့် ကြားကာလ သယံဇာတများကို ထိရောက်စွာထိန်းသိမ်းနိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်တို့ကို တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင်-
(၁) CDM ဝန်ထမ်းများအပေါ် ဖိအားပေးခြိမ်းခြောက်နေသည့် သက်ဆိုင်ရာဌာနအကြီးအကဲများအား အမြန်ဆုံးအရေးယူနိုင်စေရေး သက်သေမှတ်တမ်းများ စုဆောင်းကာ စုံစမ်းအရေးယူသွားရန်၊
(၂) ကြားကာလ လုပ်ငန်းစီမံချက်အတွက် လုပ်ငန်းနှင့် ရန်ပုံငွေလျာထားချက်တို့အား ဖြည့်စွက် ပြုစုတင်ပြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
