အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များအကြား ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာနိုင်ငံအရေး ကူညီ ဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုကို မေလ ၂၆ ရက် ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအပြီး အမျိုသား ညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံလွှတ်တော် ကိုယ်စားအဖွဲ့များအကြား ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ ပူးတွဲကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုတိယသမ္မတ ဒူဝါလရှီးလမှ လက်မှတ် ရေးထိုးပြီး မြန်မာနိုင်ငံအရေးကူညီဆောင်ရွက်နေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ ဥက္ကဌ Mr. Nakagawa မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။