အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်သည် ၂၂-၅-၂၀၂၁ ရက်နေ့တွင် ဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာအကြံပေးဌာန လုပ်ငန်းအဖွဲ့ဝင်များနှင့် အစည်းအဝေး ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ယနေ့အစည်းအဝေးတွင် မျှော်မှန်းချက် (Vision)၊ ရည်ရွယ်ချက် (Mission)၊ အခြေခံမူများ (Basic Principles) နှင့် ဝန်ကြီးဌာနအမှတ်တံဆိပ် (logo) များကိုအပြီးသတ်ဆွေးနွေးသွားရန်၊ ယခင်က logoကို လူမှုမီဒီယာများမှတဆင့် ပြည်သူအားလုံး အတည်ပြုထောက်ခံရယူရန်ပြင်ဆင်ခဲ့သော်လည်း ယခုကာလအတွင်း လုပ်ငန်းစဉ်များကြန့်ကြာမှု မရှိစေဘဲအချိန်မီ ပြီးပြတ်နိုင်စေရန် ယခုအစည်းအဝေးတွင်ပင် အပြီးသတ်ဆွေးနွေးရန်လိုကြောင်း ပြောကြားပါသည်။ ယနေ့အစည်းအဝေးတွင် MONREC-NUG ဝန်ကြီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်ရွယ်ချက် (Mission)၊ အခြေခံမူများ (Basic Principles) နှင့် ဝန်ကြီးဌာနအမှတ်တံဆိပ် (logo) တို့ကို ဆွေးနွေး ဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။
(လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်တင်ပြမည့် သတင်းပို့စ်များတွင် အချိန်မထည့်သွင်းတော့ခြင်းကို ခွင့်လွှတ်ပေးကြစေလိုပါသည်။)
ပြည်သူ့ဆက်ဆံရေးနှင့်မီဒီယာအင်အားစု
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
