MONREC Zip

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ  (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီး၊ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်- ကြားကာလအတွင်း ပြည်သူများသည် အလုပ်အကိုင် ရှားပါးလာမှုကြောင့် သယံဇာတ အပေါ်မှီခိုအားထားရမှု ပိုမိုမြင့်တက်လာသည်ဖြစ်၍ ဒေသများနှင့် လိုက်လျောညီထွေ ဖြစ် စေမည့် ရှင်းလင်းလွယ်ကူသည့် […]

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၉) ထုတ်ပြန်ခြင်း (၃၁ အောက်တိုဘာလ ၂၀၂၄)

Previous slide Next slide -အောက်တိုဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု -အောက်တိုဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (စစ်နှင့်လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားစဉ် သဘာဝပတ်ဝန်းကျင်အပေါ်အလွန်အကျွံ ထုတ်ယူသုံးစွဲမှုအား ကာကွယ်ခြင်း အထိမ်းအမှတ်နေ့) -ကဗျာကဏ္ဍ (အမှောင် အလင်း) -ကာတွန်းကဏ္ဍ -နိုဝင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ သတင်းလွှာ အတွဲ(၃)၊ အမှတ်(၉)   Download

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၉) ထုတ်ပြန်ခြင်း (၃၁ အောက်တိုဘာလ ၂၀၂၄) Read More »

“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” (အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်)

“ကြံ့ခိုင်လှပ အနာဂတ်ဘဝ၊ မျိုးဆက်သစ်စွမ်းအား မြှင့်တင်ကြ” နှစ်စဥ် အောက်တိုဘာလ (၁၃) ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့၏ ဆောင်ပုဒ်မှာ “ကြံ့ခိုင်လှပ အနာဂတ်ဘဝ၊ မျိုးဆက် သစ်စွမ်းအား မြှင့်တင်ကြ” (“Empowering the next generation for a resilient future”) ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ဂျပန်နိုင်ငံ၊ ဆန်ဒိုင်းမြို့၌ ကျင်းပခဲ့သော တတိယအကြိမ်မြောက် သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် သဘာဝဘေး အန္တရာယ်များ၏ သက်ရောက်မှုများသည် ဒေသန္တရအဆင့်တွင် အပြင်းထန်ဆုံးဖြစ်ကြောင်း၊ အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးနိုင်ခြေရှိမှု၊ လူမှုရေးနှင့် စီးပွားရေးအခြေအနေများ မတည် မငြိမ်ဖြစ်နိုင်ခြေရှိမှုတို့အား နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးကြေညာခဲ့ပါသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော

“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” (အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်) Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၈) ထုတ်ပြန်ခြင်း (၁ အောက်တိုဘာလ ၂၀၂၄)

-စက်တင်ဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု -စက်တင်ဘာလအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -ဆောင်းပါးကဏ္ဍ (ကမ်းရိုးတန်းအတွက် ဒီရေတောများ၏ အရေးပါပုံ) -ကဗျာကဏ္ဍ (လမ်းရိုးလမ်းစဉ်) -ကာတွန်းကဏ္ဍ -အောက်တိုဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ သတင်းလွှာ အတွဲ(၃)၊ အမှတ်(၈)   Download Previous slide Next slide

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၈) ထုတ်ပြန်ခြင်း (၁ အောက်တိုဘာလ ၂၀၂၄) Read More »

ကြေညာချက် (၃/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၂/၂၀၂၄) ၁၃၈၆ ခု၊ ဝါခေါင်လဆုတ် (၁၃) ရက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက် ၁။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေး အတွက် အလုပ်နေရာများ လျှောက်ထားနိုင်ပါသည်။ ၂။   လျှောက်ထားသူသည်- (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ ( ခ ) ဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် သင့်လျော်သော  ပညာအရည်အချင်းရှိရမည်။ ( ဂ ) ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။ (ဃ) အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။ ( င ) စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရ မည်။ ( စ

ကြေညာချက် (၃/၂၀၂၄) Read More »

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၇) ထုတ်ပြန်ခြင်း (၃၁ ဩဂုတ်လ ၂၀၂၄)

Previous slide Next slide -ဩဂုတ်လအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ -CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု – ဩဂုတ်လအတွင်း တရားမဝင်သစ်ဖမ်းဆီးရရှိမှု -ပြည်ထောင်စုဝန်ကြီး စကားသံ -အတွေးအမြင်စာစု -ကဗျာကဏ္ဍ (အကြောက်တရားရဲ့အခြားတဘက်မှာ) -ကာတွန်းကဏ္ဍ -စက်တင်ဘာလအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကမ္ဘာ့အထိမ်းအမှတ်နေ့များ (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာကို တစ်လ တစ်ကြိမ် ထုတ်ပြန်ပါမည်။) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ သတင်းလွှာ အတွဲ(၃)၊ အမှတ်(၇)   Download

“ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာ” အတွဲ (၃)၊ အမှတ် (၇) ထုတ်ပြန်ခြင်း (၃၁ ဩဂုတ်လ ၂၀၂၄) Read More »

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ  (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့်ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့်သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူး ရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင်- “အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန် ရှိသူများ အပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၇/၂၀၂၄) အစည်းအဝေးကျင်းပခြင်း Read More »

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် သဘာဝသယံဇာတများ စီမံအုပ်ချုပ်ခြင်း (Natural Resource Federalism)

မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ သဘောတူလက်မှတ်ရေးထိုးထားသော ပင်လုံစာချုပ်ပါ ကတိ ကဝတ်ကို လစ်လျူရှုအာဏာသိမ်းကာ တစ်ပါတီ ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့မှု၏ အကျိုးဆက်ကြောင့် နှစ်ပေါင်း ၇၀ နီးပါး တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းမှုဆိတ်သုံးခဲ့ရပါသည်။ အဆိုပါဒေသရှိ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲ၊ ကျောက်မျက်၊ သတ္တုအမျိုးမျိုး၊ ရေနံနှင့် ဓါတ်ငွေ့ စသည့် သယံဇာတများသည် မူလပိုင်ဆိုင်သူ အစစ်အမှန်ဖြစ်သော တိုင်းရင်းသားများက စနစ်တကျစီမံအုပ်ချုပ်ခွင့် မရရှိခဲ့သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အပြည့်အဝအထောက်အကူမဖြစ်ဘဲ ပျက်စီးပြုန်းတီးခဲ့ရရုံမျှမက ဒေသ၏သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်ခဲ့ရပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ပါတီစုံဒီမို ကရေစီစနစ်နှင့် ရွေးကောက်ပွဲကို စတင်ကျင့်သုံးခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကာ တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ စတင်ခဲ့ပါသည်။ သို့သော်လည်း ၂၀၂၁-ခုနှစ်တွင် ဒီမို ကရေစီနည်းကျ

ဖက်ဒရယ်ပြည်ထောင်စုစနစ်တွင် သဘာဝသယံဇာတများ စီမံအုပ်ချုပ်ခြင်း (Natural Resource Federalism) Read More »

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ် တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ်တွေ့ဆုံဆွေးနွေးခြင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။   တက်ရောက်လာသော မန္တလေးတိုင်းလွှတ်‌တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များကိုယ်စား လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှုး ဦးမြင့်အောင်မိုးမှ မန္တလေးတိုင်းအတွင်း မိမိတို့ တော်လှန်ရေးအင်အားစုများမှ စိုးမိုးထိန်းချုပ်ထားသောနေရာများတွင် သယံဇာတ၊ သစ်တော နှင့် ပတ်သက်ပြီး အခွန်၊ ဒဏ်ကြေးများကောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့် နည်းလမ်းများသိရှိဆောင်ရွက်လိုသည့် အတွက် ယခုလို တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ဦးစွာ ဆွေးနွေးတင်ပြခဲ့ပါသည်။   တက်ရောက်လာသော လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များမှ သိလိုသည်များမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ ပထမအကြိမ် တွေ့ဆုံ Read More »

ကြားကာလသယံဇာတစီမံအုပ်ချုပ်ရေးမူဘောင် (သတ္တု၊ ကျောက်မျက်ရတနာနှင့် ပုလဲကဏ္ဍ) ထုတ်ပြန်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြားကာလအတွင်း ကျင့်သုံးမည့် သတ္တု၊ ကျောက်မျက်ရတနာနှင့် ပုလဲကဏ္ဍဆိုင်ရာ သယံဇာတအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု ကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ဤမူဘောင်ကို ပြဋ္ဌာန်းလိုက်သည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် ပြဋ္ဌာန်းထားရှိခဲ့သော အဆိုပါမူဘောင်အား ပြည်သူသို့ အသိပေး အစီရင်ခံတင်ပြအပ်ပါသည်။ ကြားကာလသယံဇာတစီမံအုပ်ချုပ်ရေးမူဘောင် (သတ္တု၊ ကျောက်မျက်ရတနာနှင့် ပုလဲကဏ္ဍ) Interim Natural Resource Management Framework (Minerals, Gems, and Pearls Sector) အား မြန်မာ/အင်္ဂလိပ် (၂) ဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။ မြန်မာဘာသာဖြင့် ဒေါင်းလုဒ်ပြုလုပ်ရန် – Download အင်္ဂလိပ်ဘာသာဖြင့် ဒေါင်းလုဒ်ပြုလုပ်ရန် – Download   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

ကြားကာလသယံဇာတစီမံအုပ်ချုပ်ရေးမူဘောင် (သတ္တု၊ ကျောက်မျက်ရတနာနှင့် ပုလဲကဏ္ဍ) ထုတ်ပြန်ခြင်း Read More »