အယ်လ်နီညိုဆိုသည်မှာ
အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာ၏ အပူပိုင်းဒေသရှိ သမုဒ္ဒရာမျက်နှာပြင်နှင့် လေထုအကြား အပြန်အလှန်သက်ရောက်မှုကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။
အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ
အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်း၊ သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ချေ နည်းပါးလာခြင်း၊ ပြင်းထန် သော မုန်တိုင်းများကျရောက်ခြင်း၊ ရေကြီးခြင်း၊ မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ နေ့အပူချိန် မြင့်မားခြင်း၊ ရေချိုသောက်သုံးရေများ ရှားပါးလာခြင်းနှင့်အတူ များစွာသော ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါသည်။
မြန်မာနိုင်ငံတွင်လည်း အယ်လ်နီညိုရာသီဥတုအခြေအနေတွင် မိုးရွာသွန်းရက် လျော့နည်းလာခြင်း၊ ဆောင်းကာလ အအေးပေါ့ခြင်း၊ နွေရာသီ ပို၍ပူပြင်းခြောက်သွေ့ခြင်းတို့ဖြစ်ပေါ်ပြီး အယ်လ်နီညိုအားပြင်းမှု၊ အားပျော့မှုအပေါ်မူတည်၍ အပူလွန်ကဲခြင်း၊ အပူလှိုင်းဖြတ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေး လုပ်ဆောင်ချက်များအပါအဝင် “အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများ” ဆောင်းပါးအပြည့်အစုံကို အောက်ပါလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
