အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ အားပေးထောက်ခံမှုဖြင့် ဒေါနစစ်ကြောင်း၊ ထောက်ပို့အဖွဲ့က (၅-၆-၂၀၂၃) ရက်နေ့မှ (၈-၈-၂၀၂၃) ရက်နေ့ထိ ဆောင်ရွက်ခဲ့တဲ့ “တော်လှန်သစ်ပင်ကမ်ပိန်း” ဟာ မျှော်မှန်းရန်ပုံငွေ ပမာဏ ရဲ့ ၄၉.၀၇% ရောက်ရှိခဲ့ပြီး စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း (၉၉၃) သိန်းကျော် ရရှိခဲ့ပါတယ်။
ကမ်ပိန်း ၂ လတာကာလအတွင်း ပြည်သူများက ပျိုးပင်ပေါင်း တသောင်းနီးပါး ပါဝင်အားဖြည့် ခဲ့ကြတာဖြစ်ပါတယ်။ မြေပြင်မှာတော့ ပျိုးပင် ၂ သောင်းလုံးကို KFD ရဲ့ ခွင့်ပြုချက်နဲ့ ဧက (၂၀)၊ လမ်းဘေးဝဲယာစတဲ့ အများပိုင်မြေများမှာ ဧက (၂၀) စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။
ကမ်ပိန်းရန်ပုံငွေများကို မူလရည်ရွယ်ချက်များအတိုင်း ဒေါနစစ်ကြောင်း/အလယ်ပိုင်းစစ်ဒေသ၊ စစ်ဘေးရှောင်ပြည်သူများ၊ CDM support နဲ့ ပျိုးဥယျာဉ် ကုန်ကျစရိတ်များအတွက် ခွဲဝေသုံးစွဲ၊ ထောက်ပို့သွားဖို့ စီစဉ်လျက်ရှိပြီး ရန်ပုံငွေခွဲဝေထောက်ပို့သတင်း Update များကို Htout Phoet – ထောက်ပို့ Facebook စာမျက်နှာမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
တော်လှန်သစ်ပင်ကမ်ပိန်းမှာ ပါဝင်ပေးခဲ့ကြတဲ့ မိဘပြည်သူများအားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
