သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးအကြောင်းအရာများကို Audiobook အနေဖြင့် နားဆင်နိုင်ပြီဖြစ်ကြောင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ကြားကာလလုပ်ငန်းများအနက် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ‌ပေး လုပ်ငန်းရပ်အနေဖြင့် ပညာပေးဆောင်းပါး/စာမူများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ များမှ တဆင့် ထုတ်ပြန်လျက်ရှိပါသည်။

အဆိုပါပညာပေးစာမူများကို Audiobook အနေဖြင့် နားဆင်နိုင်ရန် Revo Music နှင့် ပူးပေါင်း၍ စီစဥ်ထားရှိပြီးဖြစ်ပါသဖြင့် တော်လှန်ပြည်သူများအနေဖြင့် Revo Music ၏ “Environella” ကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဝင်ရောက် နားဆင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ