အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ “သဘာဝဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း (Disaster Risk Reduction)” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချခြင်း၏ အရေးပါပုံများနှင့် တစ်ဦးတစ်ယောက်မှစ၍ မည်သို့ မည်ပုံ ပါဝင်နိုင်သည်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပြင်ပပညာရှင်တစ်ဦးတို့မှ ဆွေးနွေးပြော ကြားခဲ့ပြီး Moderator အဖြစ် မရွှေမိုး (ကိုရီးယား) မှ ပါဝင်အားဖြည့်ခဲ့ပါသည်။
ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ Radio NUG နှင့် မရွှေမိုး-ကိုရီးယား တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။
